ကြိုတင်လက်မှတ် ရောင်းရငွေ သိန်း ၇၀ ရခဲ့တယ် ဆိုတဲ့ ဘော်ဘော်ကထှော်

Posted on - Jul 11 []

Kay Ko Ko

စာရေးသူ

မြန်မာ့ရုပ်ရှင်သမိုင်းနဲ့တောင်ချီပြီးပြောလို့ရတဲ့ ဘော်ဘော်ကထှော်ရုပ်ရှင် ဇာတ်ကားကြီးရဲ့ အောင်မြင်မှုက အံ့မခန်းပါဘဲ။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ရက် မရောက်သေးပေမယ့် ကြိုတင်လက်မှတ်ကို စံချိန်တင်ရောင်းချခဲ့ရတယ် လို့သိရပါတယ်။ ဘော်ဘော်ကထှော် ရုပ်ရှင်ဇာတ်ကားနဲ့အပြိုင် တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကိုလဲ ဇူလိုင်လ ၁၃ရက်နေ့မှာ တပြိုင်တည်းရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ရုံတင်ရက်တူညီပါသော်လည်း ကြိုတင်လက်မှတ်ရောင်းအားကတော့ အရမ်းကို ကွာခြားလို့နေပါတယ်။ ရုပ်‌ရှင်‌သမိုင်း ရဲ့ ကြိုတင်‌ဝင်‌‌ငွေစံချိန်‌ ကို‌ ဘော်‌‌ဘော်‌က‌ထှော်‌ ရုပ်ရှင်ဇာတ်ကားကြီးက ချိုးသွားခဲ့ပါပြီ။

မြန်‌မာ့ရုပ်‌ရှင်‌ဟာ ယခုနောက်‌ပိုင်းပရိသတ်‌‌တွေအထူးစိတ်‌ဝင်‌စားခြင်းခံနေရပါသော်လည်း အားမလိုအားမရ ဖြစ်‌‌နေကြတဲ့ လူငယ်‌တချို့လည်း ရှိနေပါသေးတယ်။ လက်ရှိမှာလဲ သူ့ထက်ငါ သာအောင် အပြိုင်အဆိုင် ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးလာပြီး ရုံတင်လာကြပါတယ်။ အဲ့ဒီ ရုံတင်ကားတွေရဲ့ performence ကလည်း တချို့ သောပရိသတ်တွေအတွက် ဝေဖန်စရာတွေဖြစ်ခဲ့သလို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေကလဲ များစွာရှိနေဆဲပါဘဲ။

ဟာသကားကို ကြိုက်‌နှစ်‌သက်‌ကြတဲ့ ပရိသတ်‌တွေက ဘော်‌‌ဘော်‌က‌ထှော်‌ ရုပ်ရှင်ကားကြီးကို ရုပ်‌ရှင်‌သမိုင်းမှာ ကြိုတင်‌ဝင်‌‌ငွေ စံချိန်‌အများဆုံးရှိနိုင်အောင် အားပေးခဲ့ကြပါပြီ ။ရုပ်‌ရှင်‌ရုံတစ်‌ရုံတည်း ရဲ့ ယ‌နေ့အထိ ကြိုတင်‌‌ရောင်းရ‌ငွေမှာ သိန်း (70)ဖြစ်‌ခဲ့ပြီး ယခင်‌စံချိန်‌ ဖြစ်‌‌သော သိန်း၄၀နီးပါး ရရှိခဲ့‌တဲ့ စိန်‌‌ယောက်‌မ ရုပ်ရှင်ဇာတ်‌ကားကို ကျော်‌ဖြတ်‌အနိုင်ယူ နိုင်‌ခဲ့ပါပြီ ။

ဖတ်ရူ့ပေးကြတဲ့ မိုမိုလေး ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

KKK (momolay)
photo - ဘော်ဘော်ကထှော်'s fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။