သဲနာရီလေးလို လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ မင်းသမီး ယူအင်နာ

Posted on - Jul 11 []

Myatsu Nyein

စာရေးသူ

Goblin ဇာတ်လမ်းတွဲထဲမှာ သေမင်း Lee Dong Wook အသက်တမျှ ချစ်ရတဲ့ ကောင်မလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ယူအင်နာရဲ့ ကိုယ်လုံးအလှအပကိုတော့ သဲနာရီလေးနဲ့ ခိုင်းနှိုင်းကြပါတယ်။ တချို့ ကလည်း Coke ပုလင်းလေးလို လှပတယ်လို့ တင်စားကြပါတယ်။

ပုရိသတွေကို ရူးခါသွားစေလောက်တဲ့ လှပတဲ့ S Line ကောက်ကြောင်းပိုင်ရှင် ယူအင်နာရဲ့အလှကိုတော့ မင်းသမီးအဖြစ် သူမပွဲဦးထွက်တဲ့ ၂၀၁၀ ခုနှစ်လောက်ကတည်းက ပရိသတ်တွေက သတိထားမိခဲ့ကြတာပါ။ ဒါပေမဲ့ ဘူဆန်မှာ ကျင်းပပြုလုပ်တဲ့ Fifan Festival ပွဲတော်မှာ သူမ၀တ်ဆင်လာခဲ့တဲ့ အနီရောင်ဝတ်စုံလေးကတော့ သူမရဲ့အလှကို အတိုင်းသား ပေါ်လွင်ထင်ရှားစေခဲ့တာပါ။

ဒီအနီရောင်ဝတ်စုံလေးနဲ့ လှပနေတဲ့ ယူအင်နာရဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေက ချီးကျူးမဆုံး ဖြစ်နေကြပါတယ်။ ယူအင်နာတစ်ယောက် နီနီရဲရဲလေးနဲ့ ဘယ်လောက်တောင် လှနေလဲဆိုတာ ကြည့်လိုက်ပါဦးနော် ...

ယူအင်နာကတော့ YG Entertainment လက်အောက်မှ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် အပျိုကြီးလည်း ဖြစ်ပါတယ်။ မင်းသား Ji Hyun Woo နဲ့ ၂၀၁၂ ခုနှစ်ကစပြီး တွဲခုတ်ခဲ့ပေမယ့် ၂၀၁၄ မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ လက်ရှိမှာ တွဲနေတဲ့ ချစ်သူမရှိသေးပါဘူး။

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။