မုဒိန်းဇာတ်ရုပ်ကို ကြောက်တယ်လို့ ဖွင့်ဟလာတဲ့ သရုပ်ဆောင် ဇင်မျိုး

Posted on - Aug 10 []

Myatsu Nyein

စာရေးသူ

သရုပ်ဆောင် ဇင်မျိုးကတော့ ဇာတ်ပို့ဇာတ်ရံအဖြစ် ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ၀ါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။။ လက်ရှိမှာတော့ ဇင်မျိုးဟာ အထက်တန်းစား ရုပ်ရှင်ဇာတ်ကားမှာ ကနားစည်းခေါင်းဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်စရိုက်မျိုးစုံသရုပ်ဆောင်ဖူးတဲ့ ဇင်မျိုးကတော့ ဟစ်တိုင်ဇာတ်ကားမှာ မုဒိန်းသမားဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့် သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ မုဒိန်းကောင်ဇာတ်ရုပ်ကို ငြင်းပယ်ဖြစ်ခဲ့ရတဲ့အကြောင်းရင်းကိုတော့ မိုမိုလေးနဲ့အင်တာဗျူးမှာ အခုလို ဖြေဆိုထားပါတယ်။

"အရင်ကတည်းက ကျွန်တော်က ဆိုးချင်လည်းဆိုးတယ် ကြမ်းချင်လည်း ကြမ်းတယ် ရတယ်။ ကြိုက်သလောက်ဆိုး ကြိုက်သလောက်ကြမ်း ဟာသ ဒရာမာ အကုန်ရတယ်။ မုဒိန်းတော့ ကျွန်တော်ကြောက်တယ်။ ကိုယ်ကိုယ်တိုင်လည်း မရိုက်ချင်တာပါတယ်။ လက်မခံဖြစ်ရတဲ့အကြောင်းရင်းကတော့ ဇာတ်လမ်းလဲကြည့်လိုက်တဲ့အခါကျတော့ နည်းနည်း ကိုယ်ထင်တာထက် ပိုများတာလည်းပါတယ်။ ပိုကြမ်းတာလည်း ပါတယ်ပေါ့နော်။ အဲဒါတွေကြောင့်လည်း ပါတာပေါ့နော်" လို့ ဇင်မျိုးကပြောပါတယ်။

ရှေ့ကစီနီယာတွေဆိုရင် မုဒိန်းဇာတ်ရုပ် ပီပြင်ကြတယ်ဆိုတဲ့အပေါ်....

"ချီးကျူးပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာက တကယ့်ကို သူများမလုပ်နိုင်တဲ့ ကာရိုက်တာပေါ့နော်။ သူများမလုပ်နိုင်တဲ့ကာရိုက်တာကို လုပ်နိုင်တဲ့အတွက် တအားချီးကျူးတယ်။ နောက်ပြီးတော့ ပရိသတ်ကို ဘယ်လောက်ထိမုန်းအောင် ပေးရမလဲ။ ပရိသတ်ကမုန်းတဲ့လူချစ်မှ ချစ်တဲ့လူရှိမှာကိုး။ ဇာတ်နဲ့လည်းဆိုင်တာပေါ့နော်။ ဇာတ်အပေါ်မှာမှ အပြိုင်အဆိုင်ရှိမယ်ဆိုရင် တစ်ယောက်က တအားမုန်းခိုင်းမှ တစ်ယောက်ကို တအားချစ်မှာလေ။ အဲဒီတော့ တကယ့်ကို ကျွန်တော့်အရှေ့သရုပ်ဆောင် သဘာကြီးတွေ၊ နောက်တက်တဲ့ ညီလေးတွေရော တကယ်ကို လုပ်နိုင်ပါတယ်။ လုပ်နိုင်တဲ့အခါကျတော့ ကျွန်တော်က ချီးကျူးရမှာပေါ့" ဇင်မျိုးက သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

သက်ငယ်မုဒိန်းတွေအပေါ် သရုပ်ဆောင်ဇင်မျိုးရဲ့အမြင်ကတော့ ....

"ခံစားလို့မရတဲ့အရာတွေပေါ့နော်။ ကိုယ့်မျက်စိရှေ့မှာဖြစ်ဖြစ် ကိုယ့်နားထဲမှာဖြစ်ဖြစ် ဘာပဲပြောပြော ဒါတွေက ဘယ်လိုမှကို ခံစားလို့မရဘူး။ ကြားလဲမကြားဖူးဘူး။ ကျွန်တော်တို့ငယ်ငယ်တည်းက ဒီကိစ္စတွေဆိုတာ မကြားဖူးတဲ့ကိစ္စတွေပေါ့။ တစ်ခါမှလည်း မကြားဖူးဘူးဆိုတာလည်း ကိုယ်တွေခေတ်တုန်းကလည်း ဒီလိုမီဒီယာတွေ နည်းတာလည်း ပါမှာပေါ့နော်။ အဲဒါကြောင့်ပဲ မကြားဖြစ်တာလား။ တကယ် အပြင်မှာရှိလားဆိုတာ ကိုယ်တွေလည်းဆုံးဖြတ်လို့ မရဘူး။ ကျိန်းသေတာကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ မကြားဖူးဘူး။

ဒီနှစ်တွေထဲမှာပဲ ကျွန်တော်တို့ ကြားဖူးတဲ့အခါကျတော့ ဒီလိုစိတ်တွေ ကြမ်းတယ်ဆိုတာတွေက ဘာကြောင့်လဲဆိုတာ ဒါတွေကို ပြန်ကြည့်ရမှာပေါ့နော်။ ပုထုဇဉ်လူသားတိုင်းကတော့ မွေးတည်းက အူဝဲဆိုတာနဲ့ အားလုံးကဖြူစင်ကြတဲ့သူတွေချည်းပါပဲ။ ဒီလောက်ထိ စိတ်တွေကြမ်းတယ်ဆိုတာ ပတ်ဝန်းကျင်ဆိုတာ ဘယ်လိုပတ်ဝန်းကျင်က ဘယ်လောက်ထိတောင် ကြမ်းတမ်းလို့လဲ ဘယ်လောက်ထိတောင်ရိုက်ခက်လို့လဲ သူတို့ရဲ့ခံစားမှုတွေကို ဒါမှမဟုတ် တစ်ခုခုပေါ့ သူတို့ရဲ့စိတ်တွေ အဲဒီလို ပြောင်းပြန်ဖြစ်အောင် တစ်ခုခုများ သုံးစွဲထားလားပေါ့။ အဲလိုပေါ့မျိုးစုံတွက်လို့ရတာပေါ့။ ဒါပေမဲ့ တစ်ခုကျိန်းသေတာက ခံစားလို့မရနိုင်ဘူးပေါ့" လို့ ပြောပြခဲ့ပါတယ်။

Myat Su Nyein
Ref : momolay tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။