လက်သည်းညှပ်မခံတဲ့ကြောင်လေးကို ဓားကိုင်ပြီးပွဲကြမ်းခဲ့တဲ့ ပိုင်​တံခွန်​ရဲ့ဗီဒီယို

Posted on - Aug 10 []

Myint Myat

စာရေးသူ

ယောက်ျားပီသတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကတော့ တိရိစ္ဆာန်လေးတွေကိုအရမ်းချစ်တတ်တဲ့ စိတ်ထားနူးညံ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ လတ်တလောမှာလည်း တစ်ကောင်တည်းရှိတဲ့ သူ့ရဲ့အိမ်မွေးကြောင်လေးကို လက်သည်းညှပ်မရလို့ ဓါးနဲ့ပွဲကြမ်းထားတဲ့ ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းတဲ့ ပိုင်တံခွန်နဲ့ သူ့ရဲ့ကြောင်လေးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ "ဘယ်လို လုပ်မလဲ နိုင်မှ မနိုင်တော့တာ" ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားထားတာပါ။

ထပ်ပြီးတော့လည်း comment မှာ "ရှားရှားပါးပါး ဒီသမီးတစ်ယောက်ပဲရှိတာ မနှိပ်စက်ရဲပါဘူးဗျာ ။" ဆိုပြီး ချစ်စဖွယ်ရေးသားထားတာပါ။

အရမ်းချစ်​စရာ​ကောင်းတဲ့ ပိုင်​တံခွန်​ရဲ့​​ကြောင်​​လေး

မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုလည်တဲ့ ပိုင်တံခွန်ရဲ့ကြောင်လေးနဲ့ စည်းကမ်းကြီးတဲ့ သခင်ပိုင်တံခွန်တို့နှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Takhon's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။