ချမ်းမြေ့မောင်ချို ပြိုင်ပွဲ ၀င်ပြိုင်နိုင်ပါ့မလား ?

Posted on - Aug 10 []

Kay Ko Ko

စာရေးသူ

မကြာမီ ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ရတော့မယ့် Myanmar idol season 3 ရဲ့ final ပွဲကြီးကို ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြပါတယ်။ စိတ်ဝင်စားရခြင်းကို Finalist ၂ဦးမှာ တစ်ဦးက နေမကောင်းဖြစ်နေတာကြောင့် ဒီပြိုင်ပွဲ နောက်ဆုတ်တော့မှာလား ၊ ဆက်ပြီးယှဉ်ပြိုင်မှာလားဆိုတာကိုတော့ ပရိသတ်တွေအရမ်းစိတ်ဝင်စားနေကြပါတယ်။ ပြိုင်ပွဲဝင် နှစ်ဦးထဲမှာမှ အမျိုးသမီးပြိုင်ပွဲဝင်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ အာသီးရောင်ရောဂါ၊ တုတ်ကွေးရောဂါနဲ့ လေးဘက်နာရောဂါ တို့ကြောင့် ဆေးရုံ မှာဆေးကုသမှုခံနေရပြီး ပြိုင်ပွဲကို လာရောက်နိုင်မှု ရှိ မရှိကိုစိတ်ဝင်စားနေကြပါတယ်။

ချမ်းမြေ့မောင်ချိုဟာ လက်ရှိအခြေအနေမှာတော့ ပြိုင်ပွဲအတွက် ပြင်ဆင်နေတာတွေ တစ်ခုမှ မလုပ်ဆောင်နိုင်ကြောင်း၊ အကြိုသီချင်းသွင်းတာတွေကိုလဲ ပြုလုပ်နိုင်ခြင်းမရှိဘဲ ဆေးကုသမှုခံနေရ တယ် လို့ သိရပါတယ်။ ဒါကြောင့် ပြိုင်ပွဲသာလုပ်ဖြစ်မယ်ဆိုရင် ဖြိုးမြတ်အောင် တစ်ယောက်ထဲကသာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူသာ winner ရရှိသွားနိုင်တယ်လို့လဲ ဝေဖန်နေကြတာတွေရှိပါတယ်။ ယခုအချိန်ထိတော့ Myanmar idol ကလဲ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောင်းလဲသွားမှုရှိမရှိကို ကြေညာခဲ့ခြင်း မရှိသေးပါဘူး။

ဘယ်လိုဘဲဖြစ်နေပါစေ ချမ်မြေ့မောင်ချို ကိုတော့ ပြိုင်ပွဲစင်မြင့်ထက်မှာ မြင်ချင်ပါသေးတယ်။ ချစ်ရပါသောပရိသတ်ကြီးရေ ဖတ်ရှု့ပေးကြလို့ ကျေးဇူးအထူးတင်၇ှိပါတယ်။

KKK(momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။