ဖိုင်နယ်ပွဲယှဉ်ပြိုင်ဖို့ မသေချာသေတဲ့ မောင်ချို နဲ့ MMIDOL ရဲ့ သတင်းစာရှင်းလင်းပွဲ

Posted on - Aug 10 []

Kay Ko Ko

စာရေးသူ

သြဂုတ်လ (၁၁)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Myanmar Idol Season 3ရဲ့ Final ယှဉ်ပြိုင်မှုကို ကြေညာထားသည့်အတိုင်း ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ခါ ချမ်းမြေ့မောင်ချို လာရောက် ယှဉ်ပြိုင်မယ်လို့လဲ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ လက်၇ှိမှာ ချမ်းမြေ့မောင်ချိုရဲ့ ကျန်းမာရေး အခြေအနေကြောင့် ပရိသတ်တွေက ပြိုင်ပွဲ ရွှေ့ဆိုင်းသွားမှာလား ဆက်လက်ယှဉ်ပြိုင်မှာလားဆိုတာကို မြန်မာ အိုင်ဒေါ မှ ယနေ့ သြဂုတ်လ (၁)ရက်နေ့ ညနေ ၆နာရီအချိန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ သတင်းစာ၇ှင်းလင်းပွဲရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေကိုလဲ ရေးသားဖော်ပြပေး သွားပါ့မယ်။

Myanmar Idol Final ပွဲကြီးဟာ ပုံမှန် အစီအစဉ်တွေအတိုင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင် ၁၁ဦးလုံးရဲ့ သီဆိုဖျော်ဖြေမှုတွေ လဲ ရှိနေမှာဖြစ်ကာ အဆိုပါ သီဆိုဖျော်ဖြေ နေတဲ့အချိန်အထိ နေမကောင်းဖြစ်နေတဲ့ ချမ်းမြေ့မောင်ချို လာရောက်ယှဉ်ပြိုင်နိုင်ဖို့ကို စောင့်မျှော်နေမှာဖြစ်ပါတယ်။ အကယ်၍ ရောက်ရှိလာခဲ့ခြင်း မရှိပါက Voting စနစ်မှာ အကြုံဝင်တော့မှာမဟုတ်ဘဲ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်ကသာ winner ဆုရှင် ဖြစ်သွားနိုင်ပါတယ်။ ချမ်းမြေ့မောင်ချို ရောက်ရှိလာဖို့ကိုတော့ မျှော်လင့်ထားပြီး မရောက်၇ှိလာခဲ့ရင်တော့ သူတို့ အသီသီး ရရှိထားတဲ့ voting တွေကတော့ ဆုံးရှုံးသွားမှာ ဖြစ်ခါ အဲ့ဒီ စနစ်ကို ပယ်ဖျက်လိုက်မယ်လို့လဲ မြန်မာအိုင်ဒေါ သတင်းစာ၇ှင်းလင်းပွဲမှ သိရပါတယ်။

" ပြိုင်ပွဲ နှစ်ဦး ယှဉ်ပြိုင်မှု မရှိပါက voting စနစ်က အကြုံးဝင်တော့မှာ မဟုတ်ဘူး၊ ချမ်းမြေ့မောင်ချို ရောက်လာဖို့ကိုလဲ မျှော်လင့်နေပါတယ် " လို့ မြန်မာအိုင်ဒေါ မှ တာဝန်ရှိသူတွေက ဆိုပါတယ်။

Myanmar Idol Season 3 ရဲ့Finalist ဖြစ်သူ ချမ်းမြေ့မောင်ချိုဟာ ယနေ့ သြဂုတ်လ ၉ ရက်နေ့ မှာတော့ အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်း တို့အပြင် လေးဖက်နာ (ASO) တက်ခြင်းတို့ကြောင့် သုခကမ္ဘာ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ် လို့သိရပါတယ်။ မနက်ဖြန်မှာ သူမ လာရောက်ယှဉ်ပြိုင်နိုင်ပါစေလို့လဲ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။