ပရိသတ်တွေကိုအံဩသွားအောင် အမွှာကိုယ်ဝန်ကိစ္စကို ချပြလိုက်တဲ့ ခိုင်သင်းကြည်

Posted on - Sep 13 []

Moe Kalay

စာရေးသူ

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးခြင်းခံထားရတဲ့ သရုပ်ဆောင်မင်းသမီး တစ်ဦးပဲ ဖြစ်ပါတယ်။ သူမက ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်ပြီး ၊ ဟာသ ၊ ဒရာမာဇာတ်ကားတွေမှာ အရမ်းပီပြင်ပါတယ်။ ခိုင်သင်းကြည်က အနုပညာကို ကြိုးစားလုပ်ရင်း သမီးလေး စံထိပ်ထား နဲ့မိသားစု ၃ယောက်နဲ့ ဘ၀ကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ခိုင်သင်းကြည်က ပရိသတ်တွေကို အံသြသွားစေတဲ့ သတင်းတစ်ခုကိုသူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြပေးလိုက်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်သင်းကြည် က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အမွှာကိုယ်ဝန်ရှိနေတဲ့ အကြောင်းကို ဖော်ပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း အရမ်းကို အံသြနေတာပဲ ဖြစ်ပါတယ်။။

ခိုင်သင်းကြည် ဖော်ပြထားတဲ့ စာက "😱😱😱😱😱"အမွှာ" တဲ့!
10 ပတ်ရနေပြီ။ အထီး အမတော့ မသိရသေးဘူး။
ဒါပေမဲ့ ဝမ်းသာရလွန်းလို့မျှဝေလိုက်တာပါ။ ရုတ်တရာက် အရမ်း အံ့သြ သွားရပေမဲ့ တစ်ပြိုင်နက်တည်းမှာ နှစ်ယောက်ရမယ်ဆိုတော့ အရမ်းပျော်ရပါတယ်။













ဒီကလေးနှစ်ယောက်ရဲ့မိဘတွေက ဘယ်သူဘယ်ဝါမှန်း ကျမ မသိပေမဲ့ သူတို့ကိုယ်စား ပျော်လွန်းလို့ မျှဝေလိုက်တာပါ။
I don’t know who the happy parents are. But I share their joy! 🤪😜#crd Ma Saw Thuzar""ပဲ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ပေါ်မှာ ခေတ်စားနေတဲ့ အမွှာသတင်းလေးကို သူမက ပရိသတ်တွေကို ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို စနောက်ထားတဲ့ ခိုင်သင်းကြည်ရဲ့ Post လေးကို ကြည့်ပြီး ပရိသတ်တွေ ရယ်မောနိုင် လိမ့်မယ်ထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source; khin thin kyi's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။