မီးဖွားခါနီး ချစ်​ဇနီး​လေးရဲ့လှုပ်​ရှားမှု​တွေအားလုံးကို ထုတ်​ပြလိုက်​တဲ့ Ah boy

Posted on - Sep 13 []

Myint Myat

စာရေးသူ

ပရိသတ်တွေအရမ်းကို ချစ်ကြတဲ့ အဆိုတော် Ah boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ ဒီ​နေ့နံနက်​ခင်း​လေးမှာပဲ မိသားစုဝင်တစ်ဦး ထပ်တိုးလာပြီ ဖြစ်ပါတယ်။ ဒီ​နေ့ စက်​တင်​ဘာလ ၁၃ရက်​​နေ့ ကြာသပ​တေး​နေ့မှာ​တော့ Ah boy တို့ရဲ့ သမီး​လေးကို ​မွေးဖွားခဲ့တာဖြစ်​ပြီး ​ဘေဘီ​လေးက​တော့ ၆​ပေါင်​နဲ့ ၄​အောင်​စရှိပါတယ်​တဲ့​နော်​။ Ah boy က​တော့ သမီး​လေးမ​မွေးခင်​က ချစ်​ဇနီး​လေးရဲ့ လှုပ်​ရှားမှု​တွေအားလုံးကို လူမှုကွန်​ယက်​စာမျက်​နှာ​ပေါ်မှာ ​ဝေမျှ​ပေးထားတာပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ သူတို့ဘဝထဲကို ချစ်​စရာသမီး​လေး​ရောက်​ရှိလာတဲ့အတွက်​ ​ပျော်​​နေကြတဲ့ Ah boyနဲ့ ​ မြတ်​ရတနာ​ကျော်တို့ရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

စိတ်​လှုပ်​ရှား​နေတဲ့ မာမီ မြတ်​ရတနာ​ကျော်​​လေး

လှရက်လိုက်တာ ​မာမီ​ပေါက်​စ​လေး​ရယ်

မီးဖွားခါနီး ဒယ်​ဒီ Ah boy ကို ကပ်​ချွဲ

ခွဲခန်းထဲဝင်​ခါနီး ခင်​ပွန်းဖြစ်​သူဆီက အင်​အား​တွေယူ

စိတ်​​တွေပူ​နေတဲ့ ဒယ်​ဒီကြီး Ah boy

အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ​ဘေဘီ​လေး

Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်နဲ့ ရှေ့ဆက်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစစရာ​ကောင်းတဲ့ သမီး​လေးတစ်​​ယောက်​ကို ပိုင်​ဆိုင်​လိုက်​ရပြီဖြစ်​တဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Ah boy's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။