အသက်၁၈နှစ်ကွာတဲ့ မမကို ဆူပူကြိမ်းမောင်းပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ မောင်လေး

Posted on - Sep 13 []

Theingi Kyaw

စာရေးသူ

အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးဖြစ်သူ Ham So Won ဟာ သိပ်မကြာခင်ကမှ တရုတ်ပြည်ရဲ့ စတားတစ်ဦးဖြစ်သူ အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ ကောင်လေး Jin Hua ကို လက်ထပ်ထားတာပါ။ အသက်(၁၈)နှစ်ကွာတဲ့သူတို့အတွဲဟာ ဆိုရင် လူအများကြားမှာလည်း ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါသေးတယ်။

သတို့သားဖြစ်သူ ဟာ သတို့သမီးထက် အသက်၁၈နှစ်လောက်ငယ်ပြီး လယ်ယာထုတ်ကုန်စီးပွားရေး တစ်ခုရဲ့ CEO ရဲ့သားဖြစ်သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အွန်လိုင်းရှော့ပင်းမောလ်ကိုတည်ထောင်ထားပါတယ်။ သတို့သမီးဖြစ်သူ ဟာဆိုရင် သူ့ရဲ့ကောင်လေးကို သူမရဲ့အမှန်တကယ်အသက်နဲ့ သူမဟာ ဘယ်လောက်တောင် အသက်ကြီးကြောင်းကိုဖွင့်ပြောတဲ့ အခါ ကောင်လေးဖြစ်သူရဲ့တုန့်ပြန်ချက်နဲ့ပတ်သတ်လို့ ယခုလိုပဲပြာပြခဲ့ပါတယ်။

အစက ကောင်လေးဟာ သူမကို ဒီအတိုင်းပဲ အပျော်တွဲတယ်လို့ ထင်ခဲ့ပါတယ်တဲ့။ ဒါပေမယ့်လည်း ရက်သတ္တပတ် တော်တော်ကြာအောင်တွေ့ဆုံခဲ့ပြီးမှာတော့ ကောင်လေးဘက်က အတည်သဘောနဲ့တွဲခုတ်နေကြောင်းသိခဲ့ရပါတယ်။ လို့ဆိုပါတယ်။

ဒါကြောင့် သူမဟာ ကောင်လေးကို သူမရဲ့အမှန်တကယ်အသက်ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့အမှန်တကယ်အသက်ကိုလည်း သိရရော ကောင်လေးဘက်မှ သူမကို ၂ရက်လောက်အဆက်အသွယ်ဖျက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူမတို့ဇာတ်လမ်းဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်းယူဆခဲ့ပါတယ်တဲ့။

နောက်ပိုင်း သူမနဲ့အဆက်အသွယ်လည်းပြန်ရရော ကောင်လေးက သူ့ကို ဆူပူကြိမ်းမောင်းပါလေရောတဲ့။ "အသိစိတ်ကပ်စမ်းပါ။ ဒီအသက်အရွယ်နဲ့ ဘာလို့ ပါတီပွဲတွေတက်နေတာလဲ။ ဒီလို ပါတီပွဲတွေတက်ရမယ့်အချိန်မဟုတ်တော့ဘူး။ ငါတို့ မြန်မြန်လက်ထပ်ပြီး ကလေးမြန်မြန်ယူရအောင်။ " လို့ တိုက်တွန်းခဲ့ပါတယ်တဲ့။

၆လအကြာမှာပဲ သူတို့ဟာ လှပတဲ့မင်္ဂလာပွဲကိုကျင်းပနိုင်ခဲ့ပါတယ်။

ကောင်လေးကလည်း ဘာကြောင့် သူမကို ၂ရက်လောက်အဆက်အသွယ်ဖြတ်ထားခဲ့သလဲဆိုတာနဲ့ပတ်သတ်လို့ သူ့ရဲ့အကြောင်းပြချက်ကိုပြောခဲ့ပါတယ်။

"ကျွန်တော်တို့အသက်ကွာခြားတဲ့အကြောင်းကိုကြားတဲ့အခါမှာတော့ ကျွန်တော်က ဒါကိုပြဿနာတစ်ခုလို့မသတ်မှတ်ဘူး။ ကျွန်တော် သူ့ကို ၂ရက်လောက်အဆက်အသွယ်ဖြတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သတ်လို့ ကျွန်တေ့်မိဘတွေကို ဘယ်လို ပြောရမလဲဆိုတာ စဉ်းစားနေတာ။ " လို့ပြောကြားခဲ့ပါတယ်။ သတို့သမီးက သူ့ထက်အသက်အများကြီးလည်းကြီးတယ်ဆိုရော ချက်ခြင်းကို အစီအစဉ်တွေ ဆွဲလိုက်တာပဲ။

Ham So Won ကတော့ ယခုအချိန်မှာ ကိုယ်ဝန်ရှိနေပြီပဲဖြစ်ပါတယ်။ တကယ်ကို အားကျစရာကြီးပါပဲနော်။ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ဖို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

GI GI(momolay)
Source : Koreboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။