လမ်းခွဲဖို့ စကားအစရှာရာမှ စကားများရန်ဖြစ်ပြီး ရဲစခန်းရောက်နေတဲ့ Goo Hara တို့သမီးရည်းစား

Posted on - Sep 14 []

Theingi Kyaw

စာရေးသူ

G oo Hara ဟာ လတ်တလောမှာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ကောင်လေးကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုနဲ့ စစ်ဆေးခံနေရပါတယ်။ ဒီကိစ္စတွေဟာ သူမရဲ့ ဂန်နမ်ရပ်ကွက် ဆိုးလ်မြို့မှာရှိတဲ့ အိမ်ထဲမှာဖြစ်ပွားနေတာပါ။

Goo Hara ဟာ သူမရည်းစားနဲ့ လမ်းခွဲဖို့ စကားများခဲ့ရာမှ ရိုက်နှက်ခဲ့တယ် လို့သိရပါတယ်။ သူမရဲ့ကောင်လေးက သူမကို ရဲ ကို ခေါ်ဆိုခဲ့ပြီး သူက Goo Hara ကို လမ်းခွဲဖို့ပြောခဲ့အပြီးမှာ သူမက သူ့ကို ရိုက်နှက်ခဲ့တယ်လို့ ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။

Goo Hara ရဲ့အိမ်ကို ရဲတွေ ၀င်စစ်နေတဲ့ ပုံပါ။

ကောင်လေးဘက်မှ လမ်းခွဲဖို့ စကားစလိုက်တဲ့အခါမှာ Goo Hara ဟာ အဲ့ဒီအမျိုးသာကို ကုတ်ခြစ်ပြီး ရိုက်နှက်တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ အဆိုပါအမျိုးသားဟာ Koo Hara နဲ့ သက်တူရွယ်တူပဲဖြစ်ပြီး ဆံသဒီဇိုင်နာ လို့လည်းသိရပါတယ်။

ဖုန်းလက်ခံရရှိတယ်ဆိုရင်ပဲ ရဲတွေဟာ သူမရဲ့အိမ်ကို ရဲတွေ ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။ " Goo Hara က သူ့ကို ရန်မူနေပါတယ်လို့ သူမရဲ့ကောင်လေး ဖြစ်သူ က ကျွန်တော်တို့ကို ဆက်သွယ်ခဲ့ပါတယ်။ လတ်တလောမှာတော့ စစ်ဆေးနေဆဲပါပဲ။ သူတို့ရဲ့ ကိစ္စတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံးနဲ့ စေ့စေ့စပ်စပ် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ " လို့ရဲတွေက ပြောကြားခဲ့ပါတယ်။

ရဲတွေက အခင်းဖြစ်တဲ့နေရာကို ရောက်ခဲ့တဲ့အခါမှာ ကောင်လေးဘက်က သူမကို ခြေထောက်နဲ့ကန်ပြီး အိပ်ရာပေါ်က ထ ဖို့ ပြောခဲ့တယ်လို့ Goo Hara
After the police arrived at the scene, Koo Hara claimed that her boyfriend kicked her first while telling her to ‘get up’. The Gangnam Police ultimately decided to that both parties assaulted each other.

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။