အနုပညာမှာသာမက ပညာအရာမှာပါ ထူးချွန်ပြောင်မြောက်ကြတဲ့ Idol များ

Posted on - Sep 14 []

Zue

စာရေးသူ

တချို့သော Idol တွေဆိုတာဟာ ရုပ်ရည်ချောမောလှပပြီး အဆိုကျွမ်းကျင်၊ အကကျွမ်းကျင်ကြယုံသာမက ပညာအရာမှာလည်း ထူးချွန်ပြောင်မြောက်ကြတာကို တွေ့ရပါတယ်။ သူတို့တွေဟာ အခုအချိန်မှာ သူတို့ဝါသနာပါရာ လမ်းကြောင်းတွေမှာ ကိုယ်စီကိုယ်စီ လျှောက်လှမ်းနေကြပေမယ့်လည်း ပညာသင်ကြားစဉ်ကာလမှာတော့ တစိုက်မက်မက် ပညာကိုကြိုးစားခဲ့ကြပြီး အသိအမှတ်ပြုမှုတွေများစွာကို ရရှိခဲ့ကြဖူးတွေဖြစ်ပါတယ်။ ဒီလိုဆိုရင် သူတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှူစားကြည့်လိုက်ကြပါဦးနော်....

1. Red Velvet’s Wendy

Red Velvet ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Wendy ဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်စဉ်အချိန်တုန်းက Shattuck-Saint Mary’s လို့ အမည်ရတဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်အချိန်တုန်းက သူမဟာ ဂုဏ်ထူးတန်းဝင်ကျောင်းသူတစ်ဦးဖြစ်ယုံသာမက တခြားသော ဘာသာရပ်တွေ၊ ဂီတပညာနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေမှာလည်း ထူးချွန်ပြီးဆုတံဆိပ်တွေများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ပညာထူးချွန်လွန်းတာကြောင့် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား ကိုယ်တိုင်လက်မှတ်ထိုးပြီး အသိအမှတ်ပြုထားတဲ့ President Education Award ကိုလည်း ရရှိခဲ့ဖူးပါတယ်။

2. Eric Nam

အင်္ဂလိပ်သီချင်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာသီဆိုတတ်တဲ့ Eric Nam ကတော့ အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့က ဘော်စတွန်ကောလိပ်မှာ ပညာသင်ကြားပြီး ဘွဲ့ရရှိခဲ့ယုံသာမက တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး တက္ကသိုလ်ဖြစ်တဲ့ ပီကင်းတက္ကသိုလ်ကနေလည်း ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ကမ္ဘာမှာ အကြီးဆုံး Network Service ကုမ္ပဏီကြီးတစ်ခုမှာလည်း စီးပွားရေးအကြံပေး ရာထူးနဲ့ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ တကယ် ၀ါသနာပါတဲ့အရာက သီချင်းဆိုခြင်းဖြစ်တယ်ဆိုတာကို သူ ကိုယ်တိုင်သဘောပေါက်သွားတဲ့နောက်မှာတော့ အဆိုတော်ဖြစ်ဖို့ကို ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

3. Girl's Day's Sojin

Sojin ဟာဆိုရင် ယန်နန်တက္ကသိုလ် က စက်မှုအင်ဂျင်နီယာဌာနရဲ့ အထူးချွန်ဆုံးကျောင်းသူ ၈ ယောက်ထဲက ၁ ယောက် ဖြစ်ပါတယ်။ သူမဟာ ထိုတက္ကသိုလ်ထက်မြင့်တဲ့ ဟန်ယန်တက္ကသိုလ်ကို ၀င်ရောက်နိုင်တဲ့အရည်အချင်းရှိပေမယ့်လည်း ကျူရှင်လခက အရမ်းမြင့်မားတာကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။

4. BTS's RM

BTS ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ RM ကတော့ အိုင်ကျူ 148 ရှိတဲ့ ဥာဏ်ရည်ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အလယ်တန်းတုန်းက TOEIC စာမေးပွဲကို ၀င်ရောက်ဖြေဆိုစဉ်တုန်းက အမှတ် ၉၀၀ ရရှိခဲ့ဖူးပြီး တောင်ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ ရလဒ်မှာလည်း Top 1.3 % မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဥာဏ်ပညာထူးချွန်သူတစ်ယောက်ဖြစ်တာမို့လို့ အင်္ဂလိပ်စကားပြောကိုလည်း သင်တန်းတွေတက်၊ ဆရာတွေနဲ့ မသင်ရပဲ အမေရိကန်တီဗွီဇာတ်လမ်းတွဲဖြစ်တဲ့ "Friends" ကို ကြည့်ပြီး သင်ကြားတတ်မြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

5. Girls’ Generation’s Seohyun

စာဖတ်ဝါသနာပါသူဖြစ်တဲ့ Seohyun ဟာ တစ်နေ့တာလုပ်ငန်းစဉ်တွေမစတင်ခင်မှာ မနက်စောစောထပြီး စာဖတ်တယ်လို့ သိရပါတယ်။

သူမဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်းဖြစ်တဲ့ ဘန်ကီမွန်းကို အားကျအတုယူသူဖြစ်ပြီး ဘန်ကီမွန်းရဲ့ စာအုပ်တွေကို ဖတ်ရှုကာ သူမရဲ့စိတ်ပင်ပန်းမှုတွေကို ပြေပျောက်အောင်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ United Nations Pavilion ရဲ့ သံတမန်အဖြစ်နဲ့လည်း ဘန်ကီမွန်းကိုယ်တိုင် ခန့်အပ်တာကို လက်ခံရဖူးသူ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ်လမှာတော့ Seohyun ဟာ ဒုံဂု တက္ကသိုလ်ကနေ ပြဇာတ်ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။

6. Block B's Park Kyung

အိုင်ကျူ ၁၅၆ ရှိတဲ့ Park Kyung ကတော့ Mensa လို့ အမည်ရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

သူဟာ ပမာဏများတဲ့ငွေကြေးတွေကိုတောင် စိတ်တွက်နဲ့ အလွယ်တကူမှန်ကန်စွာ တွက်ချက်နိုင်သူဖြစ်ပြီး အမှားတွေကိုလည်း လွယ်လင့်တကူ ရှာဖွေနိုင်သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

7. Super Junior's Kyuhyun

သချာင်္အိုလံပစ်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ဖူးတဲ့ Kyuhyun ဟာဆိုရင် ပညာရေးကိုဦးစားပေးတဲ့ မိသားစုအသိုင်းအ၀ိုင်းကနေ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် Kyuhyun ရဲ့ ဖခင်ဖြစ်သူဟာ Kyuhyun အဆိုတော်အနေနဲ့ရပ်တည်မှာကို ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် အမြင့်ဆုံးတက္ကသိုလ်တစ်ခုကို တက်ရောက်ရမယ်ဆိုတဲ့ ကတိကို Kyuhyun ဆီကနေတောင်းခဲ့ပြီးမှသာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Kyuhyun ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ ဂျောင်ဟီးတက္ကသိုလ်ကို ၀င်ရောက်ခွင့်ရခဲ့ပြီး Post-Modern Music ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူဟာ မာစတာတန်းကို တက်ရောက်ဖို့အတွက် စာရင်းသွင်းထားတယ်လို့ သိရပါတယ်။

8. EXO's Xiumin

Xiumin ကတော့ Catholic Kwandong University မှာ ဂီတဘာသာရပ်ကို မာစတာဘွဲ့အတွက် တက်ရောက်နေသူုဖြစ်ပါတယ်။ သူဟာ နာမည်ကျော် Idol တစ်ယောက်ဖြစ်တာကြောင့် အလုပ်အချိန်ဇယားတွေအပြည့်ဖြစ်နေပေမယ့်လည်း Assignment တွေ တင်တာကို လစ်လပ်ခြင်းမရှိတဲ့အပြင် အတန်းလည်းအမှန်ဆုံးသူဖြစ်တယ်လို့ Xiumin ရဲ့ ပရော်ဖက်ဆာဖြစ်သူက ပြန်လည်ပြောပြခဲ့ပါတယ်။

ပရိသတ်တွေပြောပြချက်အရတော့ Xiumin ဟာ Hoseo University မှာ ဒေါက်တာဘွဲ့သင်တန်းအတွက် တက်ရောက်နေတယ်လို့ သိရပါတယ်။

9. Taeyang

Taeyang ရဲ့ ထူးချွန်ထက်မြက်မှုကလည်း လုံးဝကို မထင်မှတ်နိုင်စရာပာပဲ။ တကယ်တော့ Taeyang ဟာ မာစတာဘွဲ့ရရှိဖို့အတွက် ၁၀၄ မျက်နှာရှိတဲ့စာတမ်းကို ပြုစုနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူ ပြုစုခဲ့တဲ့ စာတမ်းရဲ့ နာမည်ကတော့ "The Influence of BIGBANG 2015 WORLD TOUR [MADE] on the Sustainability of the Korean Wave" ဖြစ်ပါတယ်တဲ့။

Ref : Koreaboo
Zue Zue

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။