ဟန်လင်းသန့် အနုပညာမလုပ်တော့တဲ့ အကြောင်း ပြောပြလာတဲ့ သူ့ရဲ့အမ

Posted on - Sep 14 []

Kay Ko Ko

စာရေးသူ

မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ပရိသတ်တွေကြားမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့ သရုပ်ဆောင် ဟန်လင်းသန့်ရဲ့ အနုပညာအလုပ်တွေဆက်မလုပ်တော့ဘူးဆိုတဲ့ သတင်းရယ် ၊ ပျောက်ဆုံးနေလို့ တွေ့ရှိကအကြောင်းကြားပါဆိုတဲ့ ကြေညာစာတွေရယ်ကြောင့် ပရိသတ်တွေ အရမ်းကိုစိုးရိမ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ကောလဟာလတွေလဲ မျိုးစုံထွက်ရှိခဲ့ပြီး သူ့ကိုပျောက်ဆုံးသွားပြီလို့ ထင်နေကြပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဟန်လင်းသန့်ရဲ့ အမဖြစ်သူကတော့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မောင်ဖြစ်သူနဲ့ ပတ်သက်တဲ့ ပရိသတ်တွေမသိသေးတဲ့ တစ်ချို့အကြောင်းအရာတွေကို ဖွင့်ဟပြောဆိုလာပါတယ်။

သူမ ပြောပြခဲ့တာကတော့ " ပထမဦးဆုံး ဟန်လင်းသန့်ကို အားပေးကြတဲ့ ပရိတ်သတ်များကို အထူးကျေးဇူးတင်ရှိပါတယ် ဟန်လင်းသန့် ပျောက်ဆုံးနေခြင်း မဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်။ မိသားစုနှင့် ယခုအချိန်ထိ အဆက်အသွယ်မပြတ်ပါဘူးရှင့်၊ မူးယစ်ဆေးဝါးကိစ္စလည်း လုံးဝ မဟုတ်ပါဘူးရှင့် ဆေးလိပ်တောင် ဟန်ကျပန်ကျ သောက်မပြတတ်တဲ့သူပါ၊ သူဟာ အနုပညာ အလုပ်ကို ရူးသွပ်ခဲ့ပြီး ဒီ လမ်းကြောင်းပေါ် ရောက်အောင် သူ့ဘာသာသူ ကြိုးစားရုန်းကန်ခဲ့ရတာပါ ။ ကျမတို့ က သာမန် ဝန်ထမ်းမိသားစု ဖြစ်တဲ့ အတွက် သူ့ဝါသနာကို ဘာတစ်ခုမှ မပံ့ပိုးပေးနိုင်ခဲ့ပါဘူး မိဘတွေ မရှိကြတော့တဲ့အတွက် သူ့ဝါသနာကို သူ့ဘာသာ ပြုစုပျိုးထောင်ခဲ့ရတာပါ "

" သူ့အနေနဲ့ သူ့ဝါသနာပါတဲ့ အနုပညာ အလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့တာလည်း သူ့အတွက် အရမ်းခက်ခဲပါတယ်။ မိသားစု ပံ့ပိုးမှု မရှိ၊ ဘာအထောက်အပံ့မှ မရှိ၊ ဘာကျောထောက်နောက်ခံမှမရှိ ၊ဒီနေရာအထိ လျှောက်လှမ်းခဲ့ရတဲ့ သူ့ဘဝက တကယ် ပင်ပန်းခက်ခဲခဲ့ပါတယ်။ အခုတော့ မောင်နှစ်မတွေအတူတူ ပြန်နေထိုင်ပြီး ဒိုးတူဘောင်ဘက် လုပ်ကိုင်စားသောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဝါသနာ တစ်ဖက် ဝမ်းရေးတစ်ဖက် ရုန်းကန်နေရသူ့ကို နားလည်ပေးစေချင်ပါတယ်။ စိတ်ပူပေးကြတဲ့ သူ့ကို ချစ်တဲ့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် " ဆိုပြီး ရေးသားခဲ့တာပါ။

သရုပ်ဆောင် ဟန်လင်းသန့် ဟာ အဓိက မင်းသားအဖြစ် ပါဝင်ရိုက်ကူးထားတဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင် ဇာတ်ကားဟာ ယနေ့မှာ ရုံတင်ပြသနေပြီဖြစ်ပြီး ဟန်လင်းသန့်ကတော့ ရောက်ရှိလာခြင်း မရှိပါဘူး။ သူဟာ Red Carpet – Press Show မှာထဲက လာရောက်ခဲ့ခြင်း မရှိဘဲ ဇာတ်ကား မိတ်ဆက်ပွဲကို မလာရောက်ခဲ့ဘဲ ပျောက်နေကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Facebook Page ကနေ ကြေညာထားပါတယ်။ အဲ့ဒီနောက်မှာ သရုပ်ဆောင် ဟန်လင်းသန့်ကလည်း We love Han Lin Thant Group ကနေတဆင့် live လွှင့်ပြီး သူ့အနေနဲ့ အနုပညာ အလုပ်တွေ မလုပ်တော့တဲ့အကြောင်း လက်ရှိမှာလည်း သူဟာ လက်ရှိမှာ နေကောင်း ကျန်းမာစွာရှိတဲ့အတွက် ပရိသတ်တွေ စိတ်မပူဖို့ ပြောထားပါတယ်။ “ကျနော် အနုပညာအလုပ်ကို ဆက်လုပ်ဖို့ အစီအစဉ် မရှိတော့တဲ့ အတွက် ကျနော် လက်မှတ် ထိုးပွဲကိုလည်း လာဖြစ်မှာ မဟုတ်ပါဘူး ဆိုပြီးလဲ ပြောပြခဲ့ပါတယ် ။

ဟန်လင်းသန့်ဟာ MRTV 4 ရုပ်ရှင်ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေ ရရှိခဲ့တာဖြစ်ပြီး ကြော်ငြာတွေ ၊ရုပ်ရှင်ကားတွေလဲ များစွာ ရိုက်ကူးခဲ့ပါတယ်။ ယခုအချိန်မှာ အနုပညာအလုပ်တွေ မလုပ်တော့ဘူး ဆိုတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေ ကအရမ်းကို စိတ်မကောင်းဖြစ်နေပါတယ်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)
Source - hanlinthant's fb, Mayshin thant 's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။