အံ့သြလောက်အောင်ပြောင်းလဲ သွားတဲ့ ၀ိတ်ချနည်းတွေ ပြောပြခဲ့တဲ့ Ashley Ko Koe

Posted on - Sep 14 []

Kay Ko Ko

စာရေးသူ

ကောင်ကလေးတွေကြားမှာ ပေါ်ပြူလာဖြစ်နေတဲ့ သိပ်ချစ်စရာကောင်းတဲ့ မော်ဒယ်မလေး Ashley Ko Koe ဟာ တချိန်က ပေါင် ၁၄၀လောက်ရှိတဲ့ ဖက်တီးပေါက်စလေးပါတဲ့ ။ သူမဟာ အဲ့လို ဝတုတ်လေးဖြစ်နေချိန် က စိတ်ပင်ပန်းခဲ့ရတဲ့အကြောင်းတွေနဲ့ ခုလို အခြေအနေဖြစ်ဖို့ သူမ ကြိုးစားခဲ့ရတာတွေကိုလဲ ပြောပြခဲ့ပါတယ်။ သူမ ဟာ ပေါင်(၂၄၀) ရှိတဲ့ ကိုယ်လုံးကို နှစ်လအတွင်း (၂၅)ပေါင်အထိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကိုလဲ ပြောပြခဲ့ပါတယ် ။ ဒါပေမယ့်လဲ ယခုအချိန်မှာတော့ သူမဟာ အရမ်းကို စွဲဆောင်မှုရှိတဲ့ မော်ဒယ်မလေး ဖြစ်နေပါပြီ။

" ဟိုတနေ့က Koe ၁၀ တန်းပြီးကာစက ပုံလေးတွေကိုပြန်ကြည့်မိတယ်..2013 တုန်းက Koe နဲ့ 2018 Koe တော်တော်ကွာသွားတယ်..ပုံတွေမှာမြင်တဲ့အတိုင်းပဲ Koe အရင်ကအရမ်းဝခဲ့တယ်..Koe ပေါင် ၁၄၀ တောင်ရှိတယ်..ဝတုန်းကဆိုရင် စိတ်တော်တော်လေးထိခိုက်ခဲ့ရတယ်..လူတွေကတွေ့ရင် ''ဝလာတယ်နော် '' ''ဝိတ်လျော့ပါဦး'' ''ဟယ် ဝလာလိုက်တာ'' စသဖြင့် မျိုးစုံကိုပြောကြတာ...စိတ်ဓာတ်ကျတဲ့ အပြင်ကို ဝ တာကို ရောဂါတခုလိုတောင် ခံစားခဲ့ရတယ်...ဘယ်သွားသွား confidence မရှိပဲ အားငယ်ရတယ်..." တဲ့ ။

သူမ ဝိတ်လျော့ခဲ့စဉ်က အတွေ့အကြုံတွေကို လဲ " ဝိတ်လျော့တာ က အပြောလွယ် သလောက် အလုပ်ခက်မှန်း ကိုယ်တိုင် ကြုံဖူးမှသိတော့တယ်...ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ အစားအစာ တွေလုံးဝလှည့်မကြည့်တော့ပဲ ကြိုးစားပြီး ဝိတ်ချတယ်..gym ဆော့တယ်..Gym ဆော့ရင်းပင်ပန်းပြီး motivation အရမ်းလျော့သွားတဲ့ အချိန်တွေလဲရှိပါတယ်..ဒါပေမဲ့ ကိုယ်လိုချင်တာတစ်ခု ကိုရအောင်လုပ်ခဲ့ပါတယ်..Koe ကံကောင်းတာတစ်ခုက ဝိတ်တက်တာမြန်သလို ဝိတ်ကျဖို့လဲတော်တော်မြန်ပါတယ်..အဲ့တာကြောင့် Koe ရဲ့ Weight Loss Journey ကတော့ ၂လပဲကြာခဲ့တယ်. " ဆိုပြီး လဲ ရင်ဖွင့်လာပါတယ်။

အဲ့ဒီနောက် ကြိုးစားမှုရဲ့ ရလဒ်တွေကို လဲ "ဝိတ်ကျသွားတော့ ရလာတဲ့ confidence တွေအပျော်တွေ က ဘာနဲ့မှမတူပါဘူး...ဝိတ်ကျသွားတဲ့အချိန်မှာ Koe ဝိတ်က ၁၁၅ ပေါင်ပဲရှိတော့တယ်....❤️ဝိတ်ချဖို့ ကြိုးစားနေတဲ့သူတွေရော ဝိတ်ချနေတဲ့သူတွေရော Koe ရဲ့ post လေးကိုတွေ့ရင် motivation တခုခုရဖို့ မျှော်လင့်ပါတယ်..Don’t Give Up ပါနော်💕..အားလုံးပဲဘဝမှာ confidence ရှိရှိနဲ့ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ 🙏🏻💕 Don’t give up girls💪🏻...the world is yours👸🏻" ဆိုပြီး ပြောပြခဲ့တာပါ။

ဝလို့စိတ်ညစ်နေကြတဲ့ ကောင်မလေတွေအတွက် သူမကိုကြည့်ပြီးခွန်အားတွေနဲ့ ကြိုးစားလိုက်ကြပါဦးနော်။ ဖတ်ရူ့ပေးကြတဲ့ မိုမိုချစ်ပရိသတ်ကြီးကျေးဇူးပါနော်။

KKK(momolay)
Source - Ashley Ko Koe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။