သား​လေးကို ​ချော့မြူ​နေတဲ့ ယွန်းဝတီလွင်​မိုးရဲ့ ဗီဒီယို

Posted on - Oct 11 []

Rowena

စာရေးသူ

ချစ်​စရာ​ကောင်းတဲ့ ​ကောင်​မ​လေး ယွန်းဝတီလွင်​မိုးက ငယ်​စဉ်​ကတည်းက ​ကြော်​ငြာ​တွေ သီချင်း Mtv ​တွေမှာ ပါဝင်​သရုပ်​​ဆောင်​ခဲ့သူ​လေးဖြစ်​ပါတယ်​။ ယွန်းဝတီလွင်​မိုးဟာ မင်းသားကြီး လွင်​မိုးရဲ့သမီးဖြစ်​လို့ ပရိသတ်​​တွေရဲ့ အာရုံစိုက်​ခြင်းခံရသလို သူမရဲ့ ​ချော​မောလှပတဲ့ မျက်​နှာ​လေး​ကြောင့်​လဲ ပရိသတ်​​တွေက ချစ်​ခင်​အား​ပေးကြပါတယ်​။ ယွန်းဝတီလွင်​မိုးဟာ အ​နေ​အေးပြီး တည်​ငြိမ်သူ​လေးတစ်​ဦးမို့လို့လဲ ကိုကို​တွေ ​မောင်​​မောင်​​တွေရဲ့ ဝန်းရံအား​ပေးခြင်းကို ယ​နေ့တိုင်​ခံ​နေရသူပါ။

ပရိသတ်​ကြီးချစ်​တဲ့ ယွန်းဝတီလွင်​မိုးက ဇန်​နဝါရီလမှာ အိမ်​​ထောင်​ပြုခဲ့တာဖြစ်​ပြီး ခင်​ပွန်းဖြစ်​သူနဲ့အတူတူ သြစ​တေးလျမှာ ​ကောလိပ်​တက်​ဖို့ သွား​ရောက်​​နေထိုင်​ခဲ့ပါတယ်​။ ယွန်းဝတီလွင်​မိုးက သြစ​တေးလျမှာ ​နေထိုင်​ရင်း ကိုယ်​ဝန်​ရခဲ့တာဖြစ်​ပြီး သား​လေးကို သြဂုတ်​လမှာ ​မွေးဖွားခဲ့တာဖြစ်​ပါတယ်​။

ပရိသတ်​ကြီးချစ်​တဲ့ ယွန်းဝတီလွင်​မိုးက ဇန်​နဝါရီလမှာ အိမ်​​ထောင်​ပြုခဲ့တာဖြစ်​ပြီး ခင်​ပွန်းဖြစ်​သူနဲ့အတူတူ သြစ​တေးလျမှာ ​ကောလိပ်​တက်​ဖို့ သွား​ရောက်​​နေထိုင်​ခဲ့ပါတယ်​။ ယွန်းဝတီလွင်​မိုးက သြစ​တေးလျမှာ ​နေထိုင်​ရင်း ကိုယ်​ဝန်​ရခဲ့တာဖြစ်​ပြီး သား​လေးကို သြဂုတ်​လမှာ ​မွေးဖွားခဲ့တာဖြစ်​ပါတယ်​။

ယွန်းဝတီလွင်​မိုးက မိဘအိမ်​မှာ ​ပျော်​​ပျော်​​နေထိုင်​ပြီး ​မိခက်​ဖြစ်​သူ ​မေသူကလဲ အရိပ်​တကြည့်​ကြည့်​နဲ့ ဂရုစိုက်​​ပေးပါတယ်​။ ​မေသူက သမီး​လေးနဲ့​မြေး​လေးရဲ့ ကြည်​နူးဖွယ်​ပုံရိပ်​​လေး​တွေကို သူမရဲ့ Instagram မှာတင်​ထားပါတယ်​။

Liam ​လေးကို ​ချော့မြူ​နေတဲ့ ယွန်းဝတီလွင်​မိုး

Liam လေးက တကယ့်ဖိုးကံကောင်းလေးပါပဲ။ လွင်မိုးနဲ့ မေသူတို့ရဲ့ ပထမဦးဆုံး မြေးယောကျာ်းလေးလဲဖြစ်တော့ ဖိုးဖိုးဖွားဖွားတွေက တုန်နေအောင်ချစ်နေရမှာပဲ။

ယွန်းဝတီလွင်မိုးကလဲ အသက်သာငယ်ပေမယ့် မိခင်မေတ္တာအပြည့်အဝပေးနိုင်ပြီး သားလေးကို စောင့်ရှောက်မှုအပြည့်ပေးနိုင်တဲ့ မိခင်ကောင်းတစ်ဦးပါ။ ယွန်းဝတီလွင်မိုးတို့ မိသားစုလေးကို ကြည့်ရတာ တကယ်ပျော်ဖို့ကောင်းတယ်နော်။ ပရိသတ်ကြီးလဲ ယွန်းဝတီလွင်မိုးတို့ မိသားစုလေးကို ချစ်ရင် Like & Share လုပ်သွားဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Saw
Source; May Thu's ig

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။