Selena Gomez ရဲ့ ကျန်းမာရေးအတွက် တော်တော်စိုးရိမ်နေပုံရတဲ့ Justin Bieber

Posted on - Oct 11 []

Douglas Thura

စာရေးသူ

No Brainer သီချင်းအဆိုတော် Justin Bieber တစ်ယောက် ချစ်သူဟောင်း Selena Gomez နဲ့ ပတ်သက်ပြီး သံယောဇဉ်တွေမကုန်နိုင်သေးဘူး ထင်ပါရဲ့ ။ လတ်တလောပြန့် နှံ့ နေတဲ့ သတင်းတွေအရ Justin ဟာ ချစ်သူဟောင်း Selena ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး တော်တော်လေးကို စိုးရိမ်ပူပန်နေပုံရတယ်လို့ ဆိုပါတယ်။

အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့တလောက Selena ဟာ စိတ်အားငယ်ပြီး စိတ်ဓာတ်ကျတဲ့ ရောဂါတစ်မျိုးကို ခံစားနေရတဲ့အတွက် ဆေးရုံမှာ ဆေးကုသမှုခံခဲ့ရပြီး အဆိုပါနေ့ တစ်နေ့ တည်းမှာပဲ Justin ဟာ Beverly Hills က ဘုရားကျောင်းမှာ တစ်ယောက်တည်း ဆုတောင်းဝတ်ပြုခဲ့တာကြောင့်ပါ။ ဘုရားကျောင်းကို အတူလာနေကျ ချစ်သူ Hailey Baldwin မပါလာတဲ့အတွက် သတင်းသမားတွေကတော့ Justin ဟာ Selena ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆုတောင်းဝတ်ပြုဖို့ လာတာလို့ ယူဆနေကြတာဖြစ်ပါတယ်။

Justin ဟာ သူ့ ရဲ့ ဝတ်နေကျပုံစံအတိုင်း ပန်းရောင်ဟူဒီအင်္ကျီတစ်ထည်ကို မီးခိုပြာရောင် ဘောင်းဘီရှည်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး SUV ကားပေါ်ကနေ ဆင်းလာတာကို တွေ့ ရပါတယ်။

မိတ်ဆွေတွေနဲ့ ဖက်လှဲတကင်းတွေ့ ဆုံနေတဲ့ Justin

ပရိသတ်ကြီးရေ ... သတင်းထောက်တွေ ဝေဖန်နေကြသလိုပဲ Justin တစ်ယောက် Selena နဲ့ ပတ်သက်ပြီး ခံစားချက်တွေရှိ၊မရှိဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မှာပါ။ ပရိသတ်တွေသိကြပြီးတဲ့အတိုင်း လက်ရှိမှာ Selena ကတော့ Single တစ်ယောက်အနေနဲ့ ပဲ ဖြတ်သန်းနေတာကြောင့် သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref : DailyMail
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။