အလုပ်​လုပ်​မှ ​လေယာဉ်​မှူး​လို့​ခေါ်​ကြေးလားဆိုတဲ့ ​မေပြည့်​စုံ​အောင်

Posted on - Oct 11 []

Kay Ko Ko

စာရေးသူ

လေယာဉ်​မှူး​မ​လေး ​မေ​ပြည့်​စုံ​အောင်​​ကို ​လေယာဉ်​မှူးဖြစ်​ခြင်း။ ​ကြော်​ငြာရိုက်​ခြင်း။ စပွန်​ဆာ အစရှိတာ​တွေကို ​ဝေဖန်​ပြီး တိုက်​ခိုက်​သူရှိ​နေပါတယ်​။ဒီ​ဝေဖန်​မှုကို သူမအ​နေနဲ့ အခုလိုဘဲ သူမ​ဖေ့ဘုတ်​ မှတဆင့်​ပြန်​လည်​​ချေပခဲ့ပါတယ်​။ သူမ​ဟာ ​လေယာဉ်​​မောင်းသင်​တန်းကို ဝါသနာအရ နဲ့ အ​ရှေ့ကစီနီယာအမ​တွေကို အားကျလို့ အဲ့ဒီသင်​တန်းကို တက်​ဖြစ်​ခဲ့တာပါတဲ့။သူမအ​နေနဲ့ ​လေယာဉ်​မယ်​မဟုတ်​ဘဲ အဟုတ်လုပ်​ခဲ့ခြင်းမဟုတ်​ပါဘူးလို့လဲသိရပါတယ်​။

သူမမှာ private pilot license ​ရော commercial pilot license ​ရောရှိပါတယ်​။ အလုပ်​လုပ်တာ မလုပ်​တာမလုပ်​တာက သူမနဲ့ဘဲဆိုင်​ပါတယ်​။အလုပ်​မလုပ်​တိုင်း pilot မဖြစ်​​တော့ဘူး​ကြေးလားတဲ့ ။ သူမမိဘ​တွေက အရမ်းချမ်းသာတဲ့အသိုင်းအ၀ိုင်းကမဟုတ်​​ပေမယ့်​ သူမတသက်​လုံးထိုင်​စားလို့​တော့ရပါတယ်​ ဆိုပြီးလဲ ပြောခဲ့ပါသေးတယ်။ ​နောက်​ပြီး​ကြော်​ငြာ​တွေရိုက်​ မင်းသမီး​ဖြစ်​လာ​အောင်​လဲ အတင်းလုပ်​ယူထားတာမရှိပါဘူးတဲ့ ။

သူမ ကို kanebo ကအမက​တွေ့ပြီး ကမ်းလှမ်းခဲ့လို့ လက်​ခံဖြစ်​ခဲ့တာပါ။ သူမရဲ့လှပတဲ့ကိုယ်​လုံး​လေးနဲ့ လူသိများနာမည်​ကြီး​နေတာကို မလိုလားသူတစ်​ချို့က​ဝေဖန်​ပုတ်​ခတ်​​ပြောဆို​နေကြပါတယ်​။ ဒါကိုသူမအ​နေနဲ့ စိတ်​ကသိ က​အောင့်​ ဖြစ်​ချင်းကို မခံစားနိုင်​လို့ ခုစာရေးပြီး ပြန်​လည်​​ချေပခြင်းဖြစ်​ပါတယ်​တဲ့။ သူမဟာ ယခုနောက်ပိုင်းမှာ အခြားသော ကောလဟာလတွေ ထွက်ရှိခဲ့ပြီး ဖေ့စ်ဘုတ်စာမျက်နှာတွေမှာတောင် သိပ်မတွေ့ရတော့ပါဘူး။ သူမဟာ အင်စတာဂရမ်မှာတော့ သူမရဲ့ လှုပ်ရှားမှုတွေကို ဖောပြလေ့ရှိပါတယ်။

မေပြည့်စုံအောင်ကို ချစ်​တဲ့ ပရိသတ်ကြီးရေ ဒီသတင်းလေးကို ဖတ်ရှု့ပေးလို့ ကျေးဇူးပါနော်။

KKK (momolay)
Source - mypyaesoneag's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။