ရုပ်ရှင်ရိုက်ကွင်းပေါ်မှာ ရုပ်ပြောင်လေးတွေနဲ့ ချစ်စရာကောင်းနေကြတဲ့ မင်းသမီးချောလေးများ

Posted on - Oct 11 []

K Kay

စာရေးသူ

နိုင်ငံကျော် မင်းသမီးချောလေးတွေဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေသမီးနဲ့ မေမြင့်မိုရ်တို့ဟာဆိုရင် ရုပ်ရှင်ကားတစ်ကားထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ ပါဝင်ရိုက်ကူးနေခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ စတီးလ်ရိုက်ကူးပုံဖော်နေတဲ့ "အလျှံပယ်" ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးနေကြတဲ့ သူတို့ကတော့ ရုပ်ရှင်ရိုက်ကူးရင်း ပျော်ရွှင်နေတဲ့အကြောင်းလေးကို " ဒီနေ့ ပုံရိပ်ဖြစ်သည် ❤️🎞📸 " ဆိုတဲ့ စာသားလေးနဲ့အတူ မေမြင့်မိုရ်ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားပြီး " "အလျှံပယ်"ရုပ်ရှင်ကားရိုက်ကူးရေး😍😍😍" ဆိုတဲ့ စာသားလေးကိုတော့ ရွှေသမီးရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ရိုက်ကွင်းကိုတော့ မခိုင်လေးရဲ့ ချစ်သမီးလေး စံထိပ်ထားက အလည်လိုက်သွားခဲ့တာကြောင့် ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးတွေနဲ့အတူ selfie ဆွဲပြီး အလှပုံလေးတွေရိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရင်း နေလောင်ထားတဲ့ မျက်နှာလေးတွေနဲ့ ရုပ်ပြောင်လေးတွေလှနေခဲ့ကြတဲ့ မင်းသမီးချောလေးတွေရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို မိုမိုလေး ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးနော် ပရိသတ်ကြီးရေ။

မျက်နှာပြောင်လေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေးများရဲ့ပုံရိပ်

ရုပ်ရှင်ရိုက်ကူးရင်း ပင်ပန်းပေမယ့်လည်း ပရိသတ်တွေကို အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေပေးခဲ့ကြတဲ့ သူတို့လေးတွေရဲ့ စိတ်ဓာတ်ကတော့ လေးစားအားကျစရာပါပဲနော်။

ဘယ်လောက်ဘဲ ပင်ပန်းပါစေ ပရိသတ်တွေကို အမြဲပြုံးပြနှုတ်ဆက်ပြတတ်တဲ့ အနုပညာရှင်များရဲ့ ကြည်နူးစရာပုံရိပ်

အရမ်းကို ချစ်စရာကောင်းတဲ့ အနုပညာရှင် မင်းသမီးချောလေးတွေရဲ့ ရိုက်ကွင်းပေါ်မှ ကြည်နူးစရာအလှပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ ကြိုးကြိုးစားပမ်းစားနဲ့ အပင်ပန်းခံရိုက်ကူးထားတဲ့ " အလျှံပယ် " ရုပ်ရှင်ကားကြီးကိုလည်း စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref: ShweThamee & MayMyintMo's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။