ပင်​ပန်းလွန်းလို့ ​လေဆိပ်​မှာတင်​ အိပ်​​ပျော်​ခဲ့တဲ့ ​ရွှေမှုန်​ရတီ

Posted on - Oct 11 []

Saw

စာရေးသူ

ပြည်​သူချစ်​မင်းသမီး​ချော​လေး ​ရွှေမှုန်​ရတီက အသက်​အရွယ်​ ငယ်​​ပေမယ့်​ အနုပညာမှာ ပါရမီထူးသူ​လေးတစ်​ဦးပါ။ ကျရာဇာတ်​ရုပ်​တိုင်းကို တိတိကျကျကျနဲ့ ပီပီပြင်​ပြင်​သရုပ်​​ဆောင်​နိုင်​တာ​ကြောင့်​ မြန်​မာနိုင်​ငံရဲ့ ထိပ်​တန်းမင်းသမီးစာရင်းမှာ ဖိပ်​ဆုံးကရပ်​တည်​​နေနိုင်​တာပါ။ ​ရွှေမှုန်​ရတီက သရုပ်​​ဆောင်​​ကောင်းလွန်​တာ​ကြောင့်​ ရုပ်​ရှင်​ဇာတ်​ကားကြီးအ​တော်​များများမှာလဲ ပါဝင်​သရုပ်​​ဆောင်​​နေရသူ​လေးဖြစ်​ပါတယ်​။

ရွှေမှုန်​ရတီက ​အောင်​မြင်​တဲ့အနုပညာရှင်​ဖြစ်​တာနဲ့အညီ အနုပညာလုပ်​ငန်း​တွေကို ဆက်​တိုက်​ဆိုသလို လုပ်​ကိုင်​​နေရပါတယ်​။ သူမဟာ ရုပ်​ရှင်​ဇာတ်​ကားကြီးနဲ့ ​​ဗီဒီယိုဇာတ်​ကား အ​မြောက်​အများကို ရိုက်​ကူးလျက်​ရှိပါတယ်​။

အောင်​မြင်​တဲ့ အနုပညာရှင်​မို့လို့ အနုပညာလုပ်​ငန်း​တွေကို ဆက်​တိုက်​ဆိုသလို လုပ်​ကိုင်​ရတာမို့ စိတ်​​ရောလူပါမနားရပါဘူး။ အဲ့ဒါ​တွေ​ကြောင့်​ ​ရွှေမှုန်​ရတီက မကြာ​သေးခင်​ကမှ ထိုင်းနိုင်​ငံ ဘန်​​ကောက်​မှာ ​ဆေးရုံသွားတတ်​ခဲ့ပြီး ပြန်​လည်​​ရောက်​ရှိလာခဲ့တာပဲဖြစ်​ပါတယ်​။

ဒီ​နေ့မှာလဲ သူမက ခရီးသွားရင်း ​လေဆိပ်​မှာ အိပ်​​ပျော်​​နေခဲ့တဲ့ပုံ​လေးကို တင်​ခဲ့ပြီး သူမရဲ့ ချစ်​ပရိသတ်​​တွေအတွက်​ ကြိုးစား​နေ​ကြောင်းပြသခဲ့ပါတယ်​။

သူမက သူမရဲ့ ​ဖေ့ဘုတ်​မှာ "I love you guys And miss u WLSHYT❤️❤️❤️❤️❤️❤️They are my everything❤️❤️❤️❤️❤️" ဆိုပြီး သူမရဲ့ Fan ​တွေကို အ​လေးထား​ကြောင်းပြသခဲ့ပါတယ်​။

ပရိသတ်​ကြီးအတွက်​ ​ရွှေမှုန်​ရတီက ဒီ​လောက်​ထိ​ပေးဆပ်​​နေတာမြင်​ရ​တော့ စိတ်​မ​ကောင်းစရာပဲ​နော်​။ ​ပရိသတ်​​တွေ တစ်​ခဏတာ​လေး စိတ်​အပန်း​ပြေဖို့ အနုပညာသမားတိုင်းဟာ ကြိုးစားပမ်းစားနဲ့ အလုပ်​လုပ်​​နေကြရပါတယ်​။ ​ရွှေမှုန်​ရတီကို ချစ်​ကြတဲ့ ပရိသတ်​ကြီးလဲ ဒီပိုစ့်​​လေးကို သ​ဘောကျရင်​ Like & share လုပ်​​ပေးသွားပါဦး​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Saw
Source: Shwe Hmone Yati's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။