၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံးအမျိုးသားများစာရင်းမှာ နံပါတ် ၁ နေရာက ရပ်တည်နေတဲ့ V

Posted on - Oct 11 []

Zue

စာရေးသူ

BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ V ကတော့ ၂၀၁၈ ခုနှစ်အတွက် ရွေးချယ်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက အချောဆုံးသော အမျိုးသားတွေရဲ့ စာရင်းမှာ နံပါတ် ၁ နေရာက ရပ်တည်နေတယ်လို့ သိရပါတယ်။ Famous STAR 101 ကနေ စစ်တမ်းကောက်ယူထားတဲ့ဒီင်္စာရင်းမှာ တခြားသောနိုင်ငံအသီးသီးက ချောမောခန့်ညားဆုံးသော အမျိုးသားတွေကို ကျော်ဖြတ်ပြီး နံပါတ် ၁ နေရာမှာ ရပ်တည်နေနိုင်တယ်ဆိုတော့ V ရဲ့ ချောမောတဲ့ရုပ်ရည်ကို ပေါ့သေးသေးမှတ်လို့မရတော့ပါဘူးနော်။

မဲအရေအတွက်ပေါင်း ၆ သန်းကျော်ထဲမှာ V ကို ရွေးချယ်တဲ့သူတွေဟာ အများဆုံးဖြစ်တဲ့အတွက် V က ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပြီး V ရဲ့ အနောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော်တစ်ဦးဖြစ်သူ Alden Richards က ရပ်တည်နေပြီး သူတို့တွေရဲ့နောက်မှာတော့ Justin Bieber နဲ့ EXO အဖွဲ့ဝင်ဖြစ်သူ Sehun တို့က လိုက်ပါနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါစာရင်းထဲမှာ EXO အဖွဲ့ဝင်ဟောင်း Luhan ၊ တရုတ်လူုမျိုး သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ Dylan Wang ၊ နာမည်ကျော် တေးရေးတေးဆို Harry Styles နဲ့ Shawn Mendes တို့လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

V ဟာ ကမ္ဘာ့အချောဆုံးသောအမျိုးသားတွေရဲ့ စာရင်းမှာ ပါဝင်တာ အခုမှမဟုတ်ပဲ ၂၀၁၇ ခုနှစ်တုန်းကလည်း TC Calendar ကနေ ရွေးချယ်တဲ့ "Most Handsome Faces of 2017" မှာလည်း နံပါတ် ၁ နေရာကို ရရှိဖူုးပြီး အခု ၂၀၁၈ ခုနှစ်မှာလည်း Star Momenter ကရွေးချယ်ပေးတဲ့ "Most Charismatic Men of Asia 2018" နဲ့ Dama.bg ကနေ ရွေးချယ်တဲ့ "Most Beautiful men in the World" တွေမှာလည်း နံပါတ် ၁ နေရာတွေကို ရရှိခဲ့ဖူးပါတယ်။

V ရဲ့ ချောချက်လှချက်ကတော့ ကမ္ဘာကတောင် ခဏခဏ အသိအမှတ်ပြုပေးရလောက်တဲ့အထိပါပဲနော်။

Ref : koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။