သရုပ်ဆောင်မင်းဦးတို့ ဇနီးမောင်နှံမှာ ဘယ်သူက သ၀န်တိုတတ်လဲ ??

Posted on - Nov 2 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းဦးတစ်ယောက် သူ့ရဲ့ဇနီးသည်လေးကို သ၀န်တိုသလား ဆိုတဲ့မေးခွန်းကတော့ ပရိသတ်တွေ မေးချင်နေကြမှာပဲနော်။ အခုရက်ပိုင်းမှာ တက်လာတဲ့အင်တာဗျူးတွေအရတော့ ဇနီးဖြစ်သူက အရမ်းကို အနေအေးတဲ့အတွက် သ၀န်တိုစရာမရှိပါဘူးလို့ သရုပ်ဆောင်မင်းဦး ဖြေဆိုထားပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး မင်းဦးရဲ့ဇနီးချောလေး မခိုင်ဝေသူကတော့ အမှန်အတိုင်းပြောရရင် အရင်တုန်းကတော့ သ၀န်တိုတယ်လို့ မီဒီယာတွေကိုဖွင့်ဟခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက တစ်ချိန်လုံးရှုတင်မှာ မင်းသမီးတွေနဲ့ တချိန်လုံး လက်ပွန်းတတီးနေတာဆိုတော့ သ၀န်တိုမယ်ဆိုရင် တိုလို့ရပေမယ့် အလုပ်ဆိုပြီးနားလည်ပေးထားတဲ့အတွက် အခုနောက်ပိုင်းတော့ သ၀န်မတိုတော့ပါဘူးလို့ ချစ်စဖွယ်ပြောပြထားပါတယ်။

မင်းဦးနဲ့ ဇနီးဖြစ်သူတို့ကတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလထဲမှာ မင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။ အခုဆိုရင်တော့ မင်္ဂလာသက်တမ်း ၂ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားကြတယ်ဆိုတာ သူတို့ရဲ့အပျော်တွေက သက်သေခံနေပါတယ်။ အိမ်ထောင်ရေးလေးကို ပျော်ပျော်နဲ့ပေါ့ပေါ့ပါးပါးဖြတ်သန်းတယ်လို့လည်း သရုပ်ဆောင်မင်းဦးက ဖွင့်ဟထားပြီး ပွဲတက်တွေတိုင်းမှာလည်း ဇနီးသည်နဲ့ အတူတကွပွဲတက်တာကို တွေ့မြင်နေရတာပါ။

နောက်ပြီး ဇနီးမောင်နှံနှစ်ဦးက တစ်ယောက်နဲ့တစ်ယောက်ချစ်လို့၊ သံယောဇဉ်ရှိလို့သာ ရွေးချယ်လက်တွဲဖြစ်တာဖြစ်ပြီး ကျန်တာတွေဘာမှမပါဘူးလို့ဆိုပါတယ်။ အသက်ကွာခြားမှုအတွက်တောင် ချစ်သူတွေမဖြစ်မီက မသိဘဲ ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းမှသာ မင်းဦးရဲ့အသက်ကိုသိရတာဖြစ်တယ်လို့ ဇနီးဖြစ်သူက ချစ်စဖွယ်ပြောပြခဲ့ပါသေးတယ်။

ပျော်စရာကောင်းတဲ့ မင်းဦးတို့နှစ်ဦးရဲ့ အင်တာဗျူး

ဒီအင်တာဗျူးလေးမှာလည်း သူတို့နှစ်ဦးရဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးအပေါ်တစ်ဦးချစ်ခင်မှုတွေကို မိုမိုလေးပရိသတ်ကြီးက မြင်တွေ့ရမှာပါ။

မိုမိုလေးပရိသတ်ကြီးရေ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ၊ နားလည်မှုတွေအပြည့်နဲ့သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းနေတဲ့ မင်းဦးတို့ဇနီးမောင်နှံက ကလေးနဲ့ပတ်သက်ပြီးတော့လည်း ကုသိုလ်ကံနဲ့သာဆိုင်ပြီး လိုချင်ပေမယ့် ရရင်လည်းယူမှာဖြစ်သလို မရရင်တော့ နှစ်ယောက်တည်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြထားတာပါ။ မိုမိုလေးပရိသတ်ကြီးကလည်း ပျော်ရွှင်စရာကောင်းတဲ့ မင်းဦးတို့ဇနီးမောင်နှံအတွက် ဆန္ဒတွေပိုမိုပြည့်ဝအောင် ဆုတောင်းပေးကြပါဦးနော်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။