ရွှေမှုန်ရတီကြောင့် ရိုက်ကွင်းဖျက်ခဲ့ရတယ်ဆိုတဲ့ သတင်းအပေါ် သူမပြန်လည်ဖြေရှင်း

Posted on - Nov 7 []

Myint Myat

စာရေးသူ

ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေမှုန်ရတီကတော့ လတ်တလောမှာ ချစ်ရသူနဲ့ လက်ထပ်တော့မှာမို့ မင်္ဂလာကိစ္စတွေနဲ့ အလုပ်များနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုန်ရတီက ရိုက်ကွင်းဖျက်ခဲ့တာကြောင့် သူမနဲ့ ရိုက်ကူးမယ့် “ငါမုန်းတဲ့ အက္ခရာ” ဇာတ်ကား ကို မင်းသမီးပြောင်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ အဆိုပါသတင်းကိုတော့ ရွှေမှုန်ရတီက သူမရဲ့My Day မှာ ပြန်လည်ဖြေရှင်းထားခဲ့တာ တွေ့ရပါတယ်။

သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်တဲ့ ယုန်လေးက အင်တာဗျူးတစ်ခုရဲ့အောက်မှာ သူမရဲ့အကြောင်းကို ရေးသားထားတာကြောင့် ရွှေမှုန်ရတီက ချက်ခြင်းပြန်လည်ဖြေရှင်းခဲ့တာပါ။

ရွှေမှုန်ရတီကတော့ ကားရိုက်ကိစ္စက သူမဖျက်တာမဟုတ်ကြောင်း၊ အဆင်ပြေအောင် ညှိပေးခဲ့ပေမယ့် သူတို့ဘက်က လုံးဝမရိုက်တော့တဲ့အကြောင်း ပြောထားခဲ့ပါတယ်။

ဆက်ပြီးတော့လည်း ကုန်ကျစရိတ်တွေအားလုံးကို လျော်ပေးပါဆိုလို့ သိန်း ၁၀၀ ကျော် ဘာပြဿနာမှမရှာပဲ တောင်းသလောက်ပြန်လျော်ပေးလိုက်ပါတယ်လို့ သူမကဆိုထားပါသေးတယ်နော်။

ရွှေမှုန်လေးကတော့ သူမကို အခုလိုအထင်အမြင်လွဲနေတာတွေကို ပြတ်ပြတ်သားသား ပြန်လည်ဖြေရှင်းပြခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း တာဝန်ယူမှုအပြည့်အဝရှိတဲ့ စိတ်ဓါတ်အပြည့်ရှိတဲ့ မင်းသမီးလေး ရွှေမှုန်ရတီကို ဆက်ပြီးအားပေးကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Shwe Mhone Yati's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။