Goal ဆိုပြီး အိန်ဂျယ်လမုန် နဲ့ ပုံလေးတွေတင်လိုက်တဲ့ ပိုင်တံခွန်

Posted on - Nov 8 []

Moe Kalay

စာရေးသူ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ ပိုင်တံခွန်က မော်ဒယ်လ် အလုပ်အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပိုင်တံခွန်က
သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ မော်ဒယ်လ် အိန်ဂျယ်လမုန် နဲ့အတူ တွဲရိုက်ထားတဲ့ ပုံရိပ်ကလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပိုင်တံခွန်က အိန်ဂျယ်လမုန် နဲ့တွဲပြီး ရိုက်ထားတဲ့ ပုံရိပ်ကလေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ မကြာခဏတွေ့ရတာကြောင့် ပရိသတ်တွေကြားမှာ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်နေကြပြီလားဆိုပြီး အပြောများခဲ့ကြပါတယ်။ ပရိသတ်တွေကိုလည်း ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန် တို့က သူငယ်ချင်းတွေပါလို့ ပြန်ဖြေရှင်ထားကြပါသေးတယ်။

ဒီတစ်ခါမှာလည်း ပိုင်တံခွန် က အိန်ဂျယ်လမုန် နဲ့တွဲရိုက်ထားတဲ့ ပုံလေးတွေကို တင်လိုက်ပြန်ပါပြီး ။ ပိုင်တံခွန်ကတော့ " Goal " ဆိုပြီးပြောထားပါတယ် ပရိသတ်ကြီးရေ။

အတွဲညီကြတဲ့ ပိုင်တံခွန် နဲ့ အိန်ဂျယ်လမုန် တို့ရဲ့ ပုံရိပ်ကလေး

သရုပ်ဆောင် မော်ဒယ်လ် ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန် တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;paing takhon's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။