နန်းမြတ်ဖြိုးသင်းအတွက် သူငယ်ချင်းတွေလုပ်ပေးတဲ့ Gender reveal

Posted on - Nov 8 []

Kay Ko Ko

စာရေးသူ

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်း ဟာ ရင်သွေးလေးလွယ်ထားရပြီး ရင်သွေးလေးက မိန်းကလေးလား၊ ယောကျာင်္းလေးလားဆိုတာကို အမှတ်တရဖြစ်စရာ ပွဲလေးအဖြစ်သူငယ်ချင်းတွေက ဖန်တီးပေးခဲ့ကြပါတယ်။ အဲ့ဒီပွဲလေးကို နန်းသူဇာ၊ ထက်ထက်၊ ကျော်ထွဋ်ဆွေ၊လွှမ်းပိုင်၊ ဘန်နီဖြိုးနဲ့ သူငယ်ချင်းများကပြုလုပ်ပေးခဲ့ကြပြီး နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံကတော့ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ သူမဟာ ကိုယ်ဝန် လေးလ ကျော်ရှိနေပြီဖြစ်ပြီး ယောကျာင်္းလေးဖြစ်မလား၊ မိန်းကလေးဖြစ်မလား ဆိုတာကတော့ အောက်မှာ ဆက်လက်ရှု့စားပေးကြပါဦးနော်။

သူမဟာ သူငယ်ချင်းတွေ လုပ်ပေးတဲ့ gender reveal လေးအတွက် ကျေးဇူးတင်ကြောင်းနဲ့ ယောင်္ကျားဖြစ်သူနဲ့ အဖေဖြစ်သူတို့ဖြစ်စေချင်တာလေးဖြစ်ရလို့လဲ သူမပျော်ပါတယ်ဆိုတဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

" အရမ်းကို ရင်ခုန်ပျော်စရာကောင်းခဲ့တဲ့ အခိုက်အတန့်များ သားသားလေး(or) မီးမီးလေး ကိုစစ်ထားတဲ့သွေးအဖြေကို ပို့ဖို့ဆေးခန်းက emailတောင်းတော့နန်းသူဇာဆီပို့ခဲ့တယ်။ ကိုယ်ကဘာလေးမှန်းမသိရသေးဘူးပေါ့။ gender reveal partyလေးလုပ်ကြမယ်ဆိုပီးခေါ်လို့သွားတယ်။ ရင်တုန်တာမှ လမ်းတဝက်ကလှည့်ပြန်ရင်ကောင်းမလားတောင်တွေးမိတယ်။ ပွဲစီစဉ်ပေးတဲ့နန်းသူဇာနဲ့ထက် ဗီဒီယိုလေးရိုက်ပေးတဲ့ကိုထက် လာပီးအတူပျော်ပေးတဲ့ချစ်တဲ့သူတွေကြောင့်ဘဝရဲ့အမှတ်တရလေးဖြစ်ခဲ့ရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်"

" ချစ်တဲ့သူငယ်ချင်းတွေရှိတာ ဘဝကပေးတဲ့ဆုလဒ်ပါ၊ ကျေးဇူးအများကြီးတင်ပါတယ်၊ အရမ်းရင်ခုန်လို့လက်တွေလဲတုန် ကြည့်လဲ မကြည့်ရဲဘူး၊ ယောက်ျားနဲ့အဖေလိုချင်နေတဲ့သားယောက်ျားလေးမွေးပေးချင်တာ ခုတော့ဆန္ဒတွေလဲပြည့်ပြီ၊ I want to shout out loud "IT'S A BOY" Yayyyy "

ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ ဗီဒီယိုလေး

မောင်တာတာမျိုး နှင့် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း တို့ဟာ နိုဝင်ဘာလ(၁၈) ရက်နေ့မှာ ရန်ကုန်၊ ကံကော်မြိုင် သာသနာ့ရိပ်သာတွင် မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလ(၂၆) ရက်နေ့မှာတော့ ရန်ကုန်၊ Sedona Hotel မှာ စုလျားရစ်ပတ်ထိမ်းမြား မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တာလဲဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို နှစ်သက်သဘောကြသူဖြစ်သလို ဂီတပိုင်းရော ၊သရုပ်ဆောင်ပိုင်းမှာပါ ချစ်တဲ့ ပရိသတ်တွေ ရရှိထားသူလဲ ဖြစ်ပါတယ်။

KKK(momolay)
Source - Nanmyatphyothin's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။