ဇနီးနဲ့ သမီးလေးတွေကိုခေါ်ပြီး ဇာတိမြေက မိဘနှစ်ပါးကို သွားရောက်ကန်တော့ခဲ့တဲ့ လင်းလင်း

Posted on - Nov 8 []

Myint Myat

စာရေးသူ

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး နားလည်မှုတွေအပြည့်နဲ့ ရှေ့ဆက်နေခဲ့ကြတာ အခုဆိုရင် အရုပ်လေးတွေနဲ့တူတဲ့ ချစ်စရာသမီးလေးတွေကိုပါ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လင်းလင်းက ဇနီးနဲ့ ချစ်သမီးလေးကိုခေါ်ပြီး ဇာတိမြေက မိဘနှစ်ပါးကို သွားရောက်ကန်တော့ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် လိမ်မာလွန်းတဲ့ သမီးလေးတွေနဲ့အတူ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ လင်းလင်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိဘနှစ်ပါးကို ရိုရိုသေသေနဲ့ ကန်တော့နေတဲ့ လင်းလင်းတို့မိသားစုလေး

လင်းလင်းကတော့ "ဇာတိမြေရောက်ပြီး ကျနော့် အမေ အဖေအား မြေးနှစ်ကောင်နှင့် ကန်တော့ ,,,အဲဒီနောက် လေးစားချစ်ခင်ရသောဆရာ နှင့် အန်တီအား ကန်တော့ ,,," ဆိုပြီး မိဘနှစ်ပါးအပြင် ဆရာနဲ့ အန်တီကိုပါ ကန်တော့ခဲ့ကြောင်း ရေးသားထားတာပါ။

ပျော်စရာကောင်းတဲ့ မိသားစုလေး

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ အခုဆိုရင် အိမ်ထောင်သက်တမ်း ၅နှစ်နီးပါးရှိနေပြီပဲ ဖြစ်ပါတယ်။ လင်းလင်းတို့ရဲ့ ချစ်မဝတဲ့ သမီးချောလေးနှစ်ဦးဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ညီအမနှစ်ဦးကလည်း အခုဆိုရင် ၁နှစ်နဲ့ ၉လကျော်ရှိသွားပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အမြဲလိုလို ပျော်ရွှင်မှုတွေ ပြည့်နှက်နေတတ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Htwe Lynn Ko's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။