ပီပြင်လွန်းလို့ Effect တွေသုံးထားမှန်း လုံးဝမသိသာတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းများ

Posted on - Nov 8 []

Douglas Thura

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားတွေထဲမှာ CGI Effect တွေအသုံးအများဆုံး ဇာတ်ကားတွေကိုပြောပါဆိုရင် လူကြီးပရိသတ်တွေရော လူငယ်ပရိသတ်တွေပါ တစ်ခဲနက်အားပေးကြတဲ့ Superhero ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။ Effect တွေလှိုင်လှိုင်သုံးတဲ့ Superhero ရုပ်ရှင်တွေ ခေတ်စားကျော်ကြားလာပြီးတဲ့နောက်မှာတော့ Action ဇာတ်ကားတွေမှာသာမက Drama ဇာတ်ကားတွေမှာပါ CGI Effect တွေ သုံးလာကြတာကိုတွေ့ ရပါတယ်။ ပရိသတ်တွေအတွက် ကြည့်ရတာပီပြင်လွန်းလို့ Effect တွေသုံးထားမှန်ုး လုံးဝမသိသာတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ချို့ ထဲက ဇာတ်ဝင်ခန်းတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Forrest Gump ဇာတ်ကားထဲက Tom Hanks အနားကိုကျလာတဲ့ ငှက်မွေးလေး

The Wolf of Wall Street ဇာတ်ကားထဲက ခြင်္သေ့ကြီး

Dark Shadows ဇာတ်ကားထဲက မင်းသားကြီး Johnny Depp ရဲ့ မျက်နှာ

The Social Network ဇာတ်ကားထဲက မင်းသားချော Armie Hammer ရဲ့ နှစ်ကိုယ်ခွဲပုံစံ

Captain America: The First Avenger ဇာတ်ကားထဲက Chris Evans ရဲ့ Body နဲ့ မျက်နှာ

Captain America နေရာမှာ သရုပ်ဆောင်ခဲ့ရတဲ့ အစားထိုးသရုပ်ဆောင်(ရုပ်ရှင်ထဲမှာတော့ သူ့ ရဲ့ မျက်နှာနေရာမှာ မင်းသားချော Chris Evans ရဲ့ မျက်နှာအဖြစ် Effect တွေနဲ့ ပြောင်းလဲပြီး အစားထိုးရိုက်ပြထားတာပါ)

Blood Diamond ဇာတ်ကားထဲက မင်းသမီးချော Jennifer Connelly ရဲ့ မျက်ရည်

Die Hard with a Vengeance ဇာတ်ကားထဲက Bruce Willis ကိုင်ထားတဲ့ ဆိုင်းဘုတ်ထဲကစာသား

Brokeback Mountain ဇာတ်ကားထဲက သိုးတွေ (ရိုက်ကွင်းမှာ တစ်ကယ်မရှိပဲ Effect တွေသုံးပြီး ထည့်ထားတာပါ)

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။