ကိုယ်သာထိခိုက်နာကျင်ပြီးခံစားရတာမို့ ကိုယ်သာအသိဆုံးပါ ဆိုတဲ့ မျိုးစန္ဒီကျော်

Posted on - Nov 8 []

Kay Ko Ko

စာရေးသူ

သရုပ်ဆောင်မျိုးစန္ဒီကျော်ဟာ တစ်ချိန်က အောင်မြင်မှုတစ်ခုရရှိခဲ့တဲ့ မင်းသမီးပါ။ သူမဟာ အိမ်ထောင်ပြုပြီး နောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာပါပြီ။ သူမဟာ သမီးလေးနဲ့အတူ ဘဝကိုကြိုးစားရုန်းကန်နေပြီး အိမ်ထောင်ရေး အဆင်မပြေမှုတွေကို မြိုသိမ့်ခါ သမီးလေးအတွက် မိခင်ကောင်းပီသအောင် နေထိုင်နေပါတယ်လို့လဲသိရပါတယ်။ ယနေ့မှာတော့ သူမကို အကျိုးအကြောင်းမသိ ဝေဖန်ပြောဆိုနေသူတွေကို
တုန့်ပြန်ပြောဆိုလာပါတယ်။

" ကိုယ့်အိမ်ထောင်ရေးပြဿနာ ကိုယ်သာထိခိုက်နာကျင်ပြီးခံစားရတာမို့ ကိုယ်သာအသိဆုံးပါ။ ဘေးလူတွေကတော့ ကျွန်မလောက် ခံစားနားလည်နိုင်မှာမဟုတ်ပါဘူး ။ အခုလည်းသမီးကျောင်းထားရမယ့်အရွယ်မှာ သမီးပညာရေးအတွက် ကျွန်မတယောက်တည်းရဲ့အားနဲ့ရှာဖွေပြီးသမီးကို ကျွန်မဝင်ငွေနဲ့ တတ်နိုင်တဲ့ အကောင်းဆုံးကျောင်းမှာထားထားတယ်။ ကျောင်းအပ်တုန်းကလည်း ကျွန်မတယောက်တည်းပဲအပ်ခဲ့တာ ကျောင်းမှာလည်းကလေးတွေရဲ့လုံခြုံရေးအတွက် ကျောင်းပို့ကျောင်းကြိုဖို့ မိခင်အပြင်တခြားကြိုမယ့်သူတွေအတွက် ကျောင်းကြိုကဒ်ပြားထုတ်ပေးပါတယ် "

" အဲ့ဒီကဒ်မပါရင် ဘယ်သူ့ကိုမှကလေးနဲ့တွေ့ခွင့် ခေါ်သွားခွင့်မရှိပါဘူး ။ဒါကလည်းကလေးတွေအတွက်အရမ်းကောင်းတဲ့လုံခြုံရေးစည်းကမ်းပါ ။ဒါကို ကျွန်တော် က ကလေးရဲ့အဖေ ကလေးရဲ့အမေဆိုတိုင်း တခါမှမမြင်ဖူးတဲ့သူစိမ်းတယောက်ကို ကျောင်းကတွေ့ခွင့်ကြိုခွင့်ပေးမှာမဟုတ်ပါဘူး ။ ဒါကိုလည်းကိုယ့်သားသမီးကိုတကယ်ချစ်ရင် ကျောင်းစည်းကမ်းကိုနားလည်သင့်ပါတယ်။ ကျွန်မခုလိုရှင်းပြရတာကလည်း တဖက်သတ် အရေးသားတွေနဲ့ပြောနေလို့ မသိတဲ့သူတွေအကြောင်းစုံသိရအောင်ပါ "

" ကျွန်မက ပါးစပ်ကနေသမီးကိုချစ်တယ်ချစ်တယ်နဲ့ပြောမနေဘူး ။ ပါးစပ်ကချစ်တယ်ပြောရတာတော့အရမ်းလွယ်တာနော် ။ ပါးစပ်ကပြောလိုက် ဖေ့စ်ဘုတ်ပေါ်တက်ရေးလိုက်နဲ့ဟုတ်နေတာပဲ ။ကျွန်မကအလုပ်နဲ့ပဲသက်သေပြတယ် ။ အခုကျွန်မအလုပ်လုပ်နေတာတွေကသမီးအတွက်ချည်းပဲ ။ ကျွန်မရဲ့စိတ်နေသဘောထားနဲ့ ကျွန်မအကြောင်းကိုကျွန်မရဲ့အနီးနားမှာရှိတဲ့သူတွေအကုန်သိတယ် ။ ကျွန်မအကြောင်းသေချာမသိတဲ့သူတွေကိုသိအောင်ပြောပြတာပါ " ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

လက်တလောမှာတော့ မျိုးစန္ဒီကျော် ဟာ "ရှပ်4 ချစ်သူ" ရုပ်သံဇာတ်လမ်းတွဲ ကို အဆို​တော်​ပိုပို နဲ့အတူ ရိုက်ကူးထားပြီး ရုပ်ရှင်ကားတွေလဲပြန်လည်ရိုက်ကူး သွားမှာဖြစ်တယ်လို့ သိရပါတယ်။

KKK(momolay)
Source - myosandaykyaw's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။