ရွှေထူးရဲ့သီချင်းအသစ်​ကို ​ဝေဖန်​​ပေးလိုက်​တဲ့ ဇနီး​ချော​လေး ​ရွှေမှုံရတီ

Posted on - Nov 8 []

Myint Myat

စာရေးသူ

အဆို​တော်​​ရွှေထူးနဲ့ အ​ချေမင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှု​တွေ၊ စစ်​မှန်​တဲ့ချစ်​ခြင်း​မေတ္တာ​တွေအပြည့်​နဲ့ အနာဂတ်​ခရီးကို ​လျှောက်​လှမ်း​နေကြတာပါ။ တစ်​​ယောက်​ကိုတစ်​​ယောက်​လည်း ကြင်​နာတတ်​လွန်းတဲ့သူတို့နှစ်​ဦးရဲ့ ချစ်​စဖွယ်​အပြုအမူ​လေး​တွေ​ကြောင့်​လည်း ​ရွှေထူးနဲ့ ​ရွှေမှုံတို့ရဲ့အ​ကြောင်းက ပရိသတ်​​တွေရဲ့ကြားမှာ ​တော်​​တော်​​လေးကို ​ရေပန်းစား​နေတာပါ။ ဒီ​နေ့​လေးမှာ​​တော့ အသစ်​ထွက်​ရှိလာတဲ့ ရွှေထူးရဲ့ ​သီချင်းအသစ်​​လေးကို ​ရွှေမှုံရတီတစ်​​ယောက်​ ချစ်​စရာ​ကောင်း​အောင်​ ​ဝေဖန်​​ပေးခဲ့တာ ​တွေ့ရပါတယ်​။ ​မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ​ယောက်ျားဖြစ်​သူရဲ့သီချင်းကို ​ဝေဖန်​​ပေးခဲ့တဲ့ ​ရွှေမှုံ​လေးရဲ့ အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ရွှေထူးက​တော့ "မင်းစိတ်​နဲ့" ဆိုတဲ့သီချင်း​အသစ်​​လေးကို လူမှုကွန်​ယက်​မှာ တင်​ထားပြီး ပရိသတ်​​တွေကို ​ဝေဖန်​​ပေးဖို့လည်း ​ပြောထားပါ​သေးတယ်​။

ရွှေထူးနဲ့ ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၃၀ရက်​​နေ့က လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး လာမယ့်​ နိုဝင်​ဘာလ ၁၁ရက်​​နေ့မှာ မင်္ဂလာပွဲ ကျင်းပမယ်​လို့ သိရပါတယ်​။

ရွှေထူးရဲ့သီချင်းဗီဒီယိုအသစ်

ရွှေမှုံရတီက​တော့ "​ဝေဖန်​ရမယ်​ဆိုရင်​​တော့ <3 ​ယောက်ျားသီချင်း​တွေကို ကြိုက်​တယ်​" လို့ ​ရွှေထူးရဲ့ သီချင်းကို ချစ်​စဖွယ်​​လေး ​ဝေဖန်​ထားတာပါ။

အ​ဆွေးသီချင်း​တွေကို ပိုင်​ပိုင်​နိုင်​နိုင်​သီဆိုတတ်​တဲ့ ​ရွှေထူးရဲ့"မင်းစိတ်​နဲ့" သီချင်း​လေးကလည်း အရမ်းကိုခံစားလို့​ကောင်းလှပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အမြဲလိုလို ​ကြင်​ကြင်​နာနာနဲ့​တွေ့ရတတ်​တဲ့ ​ရွှေနှစ်​​ရွှေကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Shwe Htoo& Shwe Mhone Yati's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။