Big Bang နဲ့ Winner တို့ကြောင့် မြောက်ကိုရီးယားကို စွန့်ခွာခဲ့သူပြောပြတဲ့ BTS ရဲ့မြောက်ကိုရီးယားနိုင်ငံတွင်း အောင်မြင်မှု

Posted on - Nov 8 []

Zue

စာရေးသူ

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ တင်းမာတဲ့နိုင်ငံရေးအခြေအနေတို့ကြောင့် ကမ္ဘာ့ရန်ဖက်အသွင်ကဲ့သို့ ဆက်ဆံခဲ့ကြကာ မြောက်ကိုရီးယားနိုင်ငံဟာ တံခါးပိတ်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး နိုင်ငံသူ၊ နိုင်ငံသားတွေကို မျက်စိပိတ်၊ နားပိတ်ထားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံကတော့ ပရိသတ်တွေသိကြတဲ့အတိုင်း နိုင်ငံတကာနဲ့ ပွင့်လင်းစွာဆက်ဆံခဲ့ကြပြီး လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံလည်း ဖြစ်တာမို့လို့ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာရေးရာတွေမှာ မြောက်ကိုရီးယားထက်သာလွန်နေတာကို တွေ့ရမှာပါ။ မြောက်ကိုရီးယားနိုင်ငံက တင်ကြပ်တဲ့နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့တယ်ဆိုပေမယ့်လည်း သိပ်မကြာသေးတဲ့လပိုင်းလောက်ကမှ တောင်နဲ့ မြောက် ၂ နိုင်ငံတို့ဟာ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ကြပြီး တောင်ကိုရီးယားနိုင်ငံက အနုပညာရှင်တွေကို ပြုံယမ်းမြို့သို့ ဖိတ်ခေါ်ကာ ဖျော်ဖြေပွဲပြုလုပ်စေခဲ့ပါတယ်။

အခုတော့ ထိုဖျော်ဖြေပွဲရဲ့ အကျိုးသက်ရောက်မှုလို့ ဆိုရမလားပါပဲ။ တင်းကြပ်လှတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ BTS အဖွဲ့ဟာ အရမ်းနာမည်ကြီးနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းထွက်ပေါ်လာတဲ့အစကတော့ မြောက်ကိုရီးယားနိုင်ငံစွန့်ခွာလာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရု့ ရေဒီယိုအစီအစဉ်တွေမှာပါဝင်တင်ဆက်နေတဲ့သူတစ်ဦးဆီက ဖြစ်ပါတယ်။

Han Song Yi လို့ အမည်ရတဲ့သူမက မြောက်ကိုရီးယားနိုင်ငံသူတစ်ယောက်ဖြစ်ပေမယ့်လည်း ယခုအချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ရေဒီယိုအစီအစဉ်တွေရဲ့ BJ အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ အဆိုပါသတင်းကို Ji Seok Jin ရဲ့ Radio အစီအစဉ်ဖြစ်တဲ့ Ji Seok Jin's 2pm Date မှာ ပြောကြားခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံမှာ BTS ရဲ့ လျှို့ဝှက်နာမည်ကို "Bangtan Bag" လို့ အမည်ပေးထားကြောင်း ဆိုပါတယ်။

သူမ၀ာ ဒီအကြောင်းကို မြောက်ကိုရီးယားကို စွန့်ခွာလာခဲ့ပြီး ယခုလက်ရှိတရုတ်နိုင်ငံမှာနေထိုင်နေတဲ့ အသိတစ်ယောက်စီက သိရှိလာတာကြောင်း၊ Bangtang Bag ဆိုတဲ့အသုံးအနှုန်းဟာ မြောက်ကိုရီးယားက ပရိသတ်တွေ သူတို့အချင်းချင်း BTS အကြောင်းကို ပြောတဲ့အခါမှာသုံးတဲ့ ကုတ်တစ်ခုဖြစ်ကြောင်း၊ ဒီလိုမျိုး BTS ကို လူကြိုက်များရခြင်း အကြောင်းအရင်းဟာ ကမ္ဘာအနှံ့ကို ထိုးဖောက်ဝင်ရောက်လာတဲ့ K Wave ကြောင့် ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

Hong Song Yi က သူမကိုယ်တိုင်လည်း BTS ကို ကြိုက်နှစ်သက်ကာ သူမရဲ့အကြိုက်နှစ်သက်ဆုံးသီချငိးကတော့ Fire ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ Kpop ကို နှစ်သက်စွဲလမ်းသူတစ်ယောက်ဖြစ်တဲ့သူမဟာ Big Bang နဲ့ Winner အဖွဲ့တို့ကြောင့် မြောက်ကိုရီးယားနိုင်ငံကို စွန့်ခွာလာခဲ့သူဖြစ်တယ်လို့လည်း ဆိုပါသေးတယ်။

ပရိသတ်ကြီးကရော သူမပြာတဲ့ BTS ရဲ့ မြောက်ကိုရီးယား နိုင်ငံအတွင်း အောင်မြင်မှုနဲ့ သူမရဲ့ မြောက်ကိုရီးယားကနေ ထွက်ရှိလာတဲ့ ခံယူချက်တစ်ခုကို ဘယ်လိုများထင်မြင်မိပါသလဲ။


Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။