ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့တဲ့ ချဲလ်ဆီးအသင်း

Posted on - Nov 9 []

Thar Lay Htet Aung

စာရေးသူ

ချဲလ်ဆီးအသင်းဟာ ယနေ့နံနက် အစောပိုင်းက ယူရိုပါလိဂ် အုပ်စုပွဲစဉ်အဖြစ် ဘိတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အဝေးကွင်း ပွဲစဉ်မှာလဲ ၁-၀နဲ့အနိုင်ရခဲ့ကာ ၃၂သင်း ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်၃ပွဲလုံးကို အနိုင်ရထားတဲ့ ချဲလ်ဆီးအသင်းဟာ ဒီပွဲစဉ်မှာလဲ အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့ပြီး နိုင်ပွဲရယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ရမှတ်တွေ လိုအပ်နေတဲ့ အိမ်ရှင်ဘိတ် အသင်းကလဲ ချဲလ်ဆီးအသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၅၂မိနစ်မှာ တိုက်စစ်မှူး ဂီရော့ဒ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ယူရိုပါလိဂ် ၄ပွဲကစားပြီး ၄ပွဲလုံးအနိုင်ရကာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။