လူမှုအကျိုးပြု ပရဟိတ ထူးချွန်ဆု ချီးမြှင့်ခံရတဲ့ အနုပညာရှင် ၄ဦး

Posted on - Dec 3 []

Kay Ko Ko

စာရေးသူ

အနုပညာလောကမှာ တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ခိုင်နှင်းဝေနဲ့ဝေဠုကျော်တို့ကတော့ ယခုအချိန်မှာတော့ ကိုယ်ကျိုးကိုစွန့်ပြီး ပရဟိတအလုပ်တွေကို အငောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ကိုင်ခဲ့သူတွေပါ။ သူတို့နှစ်ဦးရဲ့ ပရဟိတစိတ်ဓာတ်တွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ကြတဲ့အပြင် လူမှုအကျိုးပြုပရဟိတဂုဏ်ထူးဆောင် သံအမတ်ဆုကို ပါ ချီးမြှင့်ပေအပ်လိုက်ပါပြီ။

HOPE CHARITY MYANMAR FOUNDATION ရဲ့ လူမှုအကျိုးပြု ပရဟိ လုပ်​ငန်းများ နှင့်​ အများပြည်​သူအတွက်​ ​ဆောင်​ရွက်​​နေတဲ့ အနုပညာရှင်​​တွေကို ဂုဏ်​ပြုချီးမြှင့်​​ပေးအပ်​ခဲ့ပါတယ်။ လူမှုအကျိုးပြု ပရဟိတထူးချွန်​ဆု(Hope Charity Icon Award) နှင့်​ လူမှုအကျိုးပြု ပရဟိတ ဂုဏ်​ထူး​ဆောင်​ သံအမတ်​ဆု(Hope Charity Amdassador Award) ရရှိသူတွေကို ​ရွေးချယ်​ ​ကြေညာလိုက်ပါပြီ။ ယခု ၂၀၁၈ ခုနှစ်​အတွက်​ လူမှုအကျိုးပြု ပရဟိတထူးချွန်​ဆု(Hope Charity Icon Award)ကိုတော့ နိုင်ငံကျော်အနုပညာရှင် ၄ဦးက ရရှိခဲ့ပါတယ်။

အနုပညာရှင် ၄ဦးကတော့ အကယ်​ဒမီ ​ဝေ​ဠု​ကျော်​(​ဝေဠု​ကျော်​ ​ဖောင်​​ဒေးရှင်း)၊ ရုပ်​ရှင်​သရုပ်​​ဆောင်​ မိုခမ်း(M.R.C.S)၊ ရုပ်​ရှင်​သရုပ်​​ဆောင်​ ခိုင်​နှင်း​ဝေ(ခိုင်​နှင်း​ဝေ ​ဖောင်​​ဒေးရှင်း)တို့က ရှိခဲ့ပြီး လူမှုအကျိုးပြု ပရဟိတ ဂုဏ်​ထူး​ဆောင်​ သံအမတ်​ဆု(Hope Charity Amdassador Award) ကိုတော့ ​တေးသံရှင်​ ယဉ်​မျိုးသူ (မိသားစုအနုပညာ)အိမ်​​ထောင်​ရှင်​အလှမယ်​ တိုက အသီးသီး ဆွတ်​ခူးရရှိခဲ့ကြပါတယ်။

အဆိုပါ ဂုဏ်​ပြု ဆုများ ချီးမြှင့်​​ပေးအပ်​ပွဲကို Hope Charity Myanmar Charity ရဲ့ ၅ နှစ်​ပြည့်​အထိမ်းအမှတ်​ အခမ်းအနား မှာ ချီးမြှင့်ပေးမှာဖြစ်ပြီး အဆိုပါပွဲကို ၂၀၁၈ ခုနှစ်​ ဒီဇင်​ဘာလ ၃ ရက်​​နေ့ ည​နေ ၅ နာရီ မှ ၈ နာရီအထိ ရန်​ကုန်​မြို့. တာ​မွေမြို.နယ်​ Sky Star Hotel Royal Ballroom တွင်​ကျင်းပပြုလုပ်​ခဲ့တာဖြစ်ပါတယ်။

KKK(momolay)
Source - Hope Charity Myanmar Foundation

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။