သာယာလှတဲ့ မင်းရဲဆက် ရဲ့ စိုက်ခင်းလေးဆီ အလည်သွားခဲ့တဲ့ လွင်မိုး

Posted on - Dec 4 []

K Kay

စာရေးသူ

လူကြမ်းနေရာကနေ ပိုင်နိုင်ပီပြင်စွာ သရုပ်ဆောင်ပြသပေးခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ဟာဆိုရင် အနုပညာလုပ်ရှားမှုပိုင်းမှာ ပြောစရာမလိုလောက်အောင် သရုပ်ဆောင်ကောင်းလွန်းခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမုန်းခြင်းကို တစ်ပြိုင်နက်တည်း လက်ခံရရှိခဲ့ရတာပဲဖြစ်ပါတယ်။ အရမ်းကို သရုပ်ဆောင် ကောင်းလွန်းတဲ့ မင်းရဲဆက်ကတော့ ယခုဆိုရင် အနုပညာအလုပ်ကနေ ရပ်နားလိုက်တာ ၈နှစ်ကျော် ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ ယခုဆိုရင် သူဟာ သာယာတဲ့ မိသားစုဘဝလေးနဲ့အတူ ဘဝခရီးကို ပျော်ရွှင်စွာ လျှောက်လှမ်းနေခဲ့ပြီပဲဖြစ်ပါတယ်။

အနုပညာအလုပ်ကို ၂၀၁၀ ခုနှစ်မှာ အပြီးအပိုင်ရပ်နားလိုက်တဲ့ မင်းရဲဆက်ကတော့ ယခုဆိုရင် ချစ်ရတဲ့ ဇနီး၊ သမီးလေးနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ရပ်တည်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ချစ်ဇနီးလေးဟာဆိုရင် သူထက် အသက် ၁၂ နှစ်ကျော် ငယ်ပေမယ့်လည်း အလိုက်သိပြီး လိမ္မာရေးခြားရှိလွန်းလှတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရှိခဲ့တာဖြစ်ပြီး သမီးလေးက အသက် ၂နှစ်အရွယ်ကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေ အမုန်းများမှာကြောင့် အနုပညာအလုပ်ကနေ ရပ်နားထားတာပါဆိုပြီး စနောက်ပြီး ပြောထားတဲ့ မင်းရဲဆက်ကတော့ ယခုဆိုရင် ပြင်ဦးလွင်မှာ ခြံလုပ်ငန်းကို အေးအေးလူလူလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပြီပဲဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့မှာ အခြေချပြီး စီးပွားရေးအလုပ်ဖြစ်တဲ့ ခြံလုပ်ငန်းကို လုပ်ကိုင်နေတဲ့ မင်းရဲဆက်ထံကို သရုပ်ဆောင် မင်းသားကြီး လွင်မိုးက အလည်ရောက်ဖြစ်ကြောင်းကို " ကိုမင်း ခြံသို့ " ဆိုတဲ့ စာသားလေးနဲ့ လွင်မိုးရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

ပြင်ဦးလွင်မှာ စိုက်ပျိုးရေးအလုပ်တွေလုပ်ပြီး မိသားစုနဲ့အတူနေထိုင်နေတဲ့ သရုပ်ဆောင် မင်းရဲဆက်ရဲ့ မိသားစုဘဝလေးကတော့ အရမ်းကို အေးချမ်းမှုရှိပြီး သာယာလွန်းလှပါတယ်နော်။ အများသူငှာ လေးစားအားကျဖွယ်ကောင်းလောက်အောင် သာယာလွန်းလှတဲ့ မင်းရဲဆက်ရဲ့ ဘဝလေးကတော့ ယခုဆိုရင် ပြီးပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေခဲ့ရပါပြီနော်။

နေထိုင်လို့ကောင်းတဲ့ ပြင်ဦးလွင်မြို့ရဲ့ သာယာလှပ စိမ်းလန်းစိုပြည်တဲ့ မင်းရဲဆက် စိုက်ခင်းလေးဆီကို အလည်သွားခဲ့တဲ့ သရုပ်ဆောင် မင်းသား လွင်မိုးရဲ့ ကြည်နူးစရာမြင်ကွင်းပုံရိပ်

အနုပညာအလုပ်ကို ရပ်နားထားပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့အချိန်အထိ လက်ခံရယူနေဆဲဖြစ်တဲ့ မင်းရဲဆက်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ လွမ်းမောဖွယ်ကောင်းတဲ့ စိုက်ခင်းလေးနဲ့ သာယာအေးချမ်းလှတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရှိခဲ့တဲ့ မင်းရဲဆက်ရဲ့ ဘဝလေးကို လေးစားအားကျမိတယ်ဆိုရင် မျှဝေပြီး အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref ; Lwin Moe's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။