အိမ်ထောင်မှုတာဝန်တွေ ကိုယ်စီထမ်းဆောင်နေကြရပြီဖြစ်တဲ့ ရွှေနှစ်ရွှေမောင်နှံ

Posted on - Dec 4 []

Myint Myat

စာရေးသူ

ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ လက်​ရှိမှာ​ပျော်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို ပုံ​ဖော်​​နေကြတာပါ။ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ ချိုမြိန်လှတဲ့ ဟန်းနီးမွန်းခရီးစဉ်လေးအပြီးမှာ မြန်မာနိုင်ငံသို့ ပြန်ရောက်နေကြတာဖြစ်ပြီး အနုပညာအလုပ်တွေ ကိုယ်စီပြန်လုပ်နေကြပြီပဲ ဖြစ်ပါတယ်။ ရွှေထူးကလည်း ဇနီးသည်ရဲ့ရှုတင်ကို လိုက်စောင့်ပေးပြီး ရွှေမှုံကလည်း တာဝန်ကျေလွန်းတဲ့ ခင်ပွန်းဖြစ်သူကို ထမင်းနယ်ကျွေးခဲ့တာ တွေ့ရပါတယ်။

ဇနီးဖြစ်သူရဲ့ရှုတင်ကို လိုက်စောင့်ပေးနေတဲ့ ရွှေထူး

မိုမိုလေးချစ်ပရိသတ်တွေအတွက် အိမ်ထောင်မှုတာဝန်တွေကို ကိုယ်စီကျေပြွန်အောင် ထမ်းဆောင်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံလေးတို့ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံရတီကတော့ "Love ❤️ Just Love လူနှစ်ယောက်မှ မြင့်မြတ်သော အချစ် တစ်ခုဖြစ်ပေါ်လာခြင်း မိန်းမတစ်ယောက်ကို အရမ်းချစ်သောယောကျာ်း ယောကျာ်းတစ်ယောက် ကို အရမ်းချစ်သောမိန်းမ (မိန်းမိန်းရူတင်ကို လိုက်စောင့်ပေးသောကျားကျား) မိန်းမိန်းပျော်၍ နေသည် ချစ်တယ်ကျားရေ❤️" ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ချစ်စဖွယ်လေးရေးသားထားတာ တွေ့ရပါတယ်။

ရွှေမှုံတို့ချစ်တတ်လိုက်ပုံများ ခင်ပွန်းကို ကျကျနနထမင်းနယ်ကျွေးနေတာနော်။

ချစ်သူဘဝတုန်းကတည်းက ရွှေထူးကို ဂရုတစိုက်ရှိတဲ့ ရွှေမှုံလေး

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်​တိုဘာလ ၃၀ရက်​​နေ့က လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာမှာ ပါရမီပါပြီး ထူးချွန်​တဲ့​ရွှေနှစ်​​ရွှေက​တော့ မတူညီတဲ့ နယ်​ပယ်​​တွေမှာ ​ကိုယ်​စီ​အောင်​မြင်​မှု​တွေကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်​ပါတယ်​။ ​​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ လတ်​တ​လောမှာ​ နှစ်ယောက်အတူကြိုးစားထားတဲ့ အနုပညာတွေကို ပရိသတ်​​တွေအတွက်​ ​ဝေမျှ​ပေးဖို့ရှိတယ်​လို့လည်းသိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အိမ်ထောင်မှုတာဝန်တွေကို ကိုယ်စီကိုယ်စီ ကျေပြွန်နေကြပြီဖြစ်တဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ဇနီး​မောင်​နှံနှစ်ဦးကိုချစ်​ရင်​ share သွားကြဖို့မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Htoo khant& Shwe Mhone Yati's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။