ဒါရိုက်တာ မိုက်တီး၊ ချစ်ချစ်ဇော်၊လင်းဇာနည်ဇော် တို့ဖခင်ကြီး ဦးခင်ဇော် ကွယ်လွန်

Posted on - Dec 4 []

K Kay

စာရေးသူ

လင်းဇာနည်ဇော်ဖခင် ဦးခင်ဇော်ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာကြီးတစ်ယောက်ပါ။ အနုပညာရှင်ပေါင်းများစွာတို့ကလည်း ဦးခင်ဇော်ထံမှ အနုပညာတွေကို သင်ယူခဲ့ရတာကြောင့် အနုပညာနယ်ပယ်ထဲမှာ သူဟာ ဆရာတစ်ပါးဖြစ်နေရတာပဲဖြစ်ပါတယ်။ အားလုံးရဲ့ ရိုသေလေးစားမှုကို လက်ခံရရှိထားခဲ့ရတဲ့ ဦးခင်ဇော်ကတော့ အိပ်ယာထဲနှစ်အတော်ကြာ လှဲနေခဲ့ရသော်လည်း အသက်ရှည်လွန်းခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

အသက် ၉၀ ကျော် ကြာသည့်တိုင်အောင် အသက်ရှည်ခဲ့တဲ့ ဒါရိုက်တာ ဦးခင်ဇော်ဟာဆိုရင် ဒီဇင်ဘာလ ၃ ရက်၊ ည ၁၁ နာရီ ၅၅ မိနစ်အချိန်က ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ရပြီပဲဖြစ်ပါတယ်။ တပည့် သားသမီးများကလည်း ဆရာဖြစ်သူ ဦးခင်ဇော်အတွက် စိတ်မကောင်းစွာဖြင့် ဝမ်းနည်းပူဆွေးနေကြရတာပဲဖြစ်ပါတယ်။

တစ်နေ့နေ့တော့ ဒီသတင်းဆိုးကြီးကို ကြားရမယ်လို့ ကြိုမျှော်လင့်ထားခဲ့ကြပေမယ့်လည်း တကယ်ကွယ်လွန်သွားခဲ့ပြန်တော့လည်း တပည့်များနဲ့ သားသမီးများအတွက်တော့ စိတ်မကောင်းစရာ သတင်းတစ်ခု ဖြစ်ခဲ့ကြရတာပဲဖြစ်ပါတယ်။ ဘယ်ဘဝ ဘယ်အခြေအနေကိုရောက်ရောက် ဆရာကောင်းပီသတဲ့ ဆရာ၊ မိဘကောင်းပီသတဲ့ မိဘတစ်ယောက်ဖြစ်တာကြောင့် ကောင်းရာ သုဂတိလားပါစေကြောင်း တပည့်များက ဆုမွန်ကောင်းများဖြင့် ဆုတောင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။

ဖခင် နာမကျန်းဖြစ်နေချိန် ဖခင်အပေါ် မငြိုမငြင်ဘဲ ပြုစုပေးခဲ့ကြတဲ့ ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်နဲ့ သားသမီးများအဖို့ ဘယ်လောက်တောင် ဝမ်းနည်းကြေကွဲနေကြမလဲဆိုတာကတော့ မတွေးဝံ့စရာပါပဲနော်။ ဘယ်လောက်ပဲ မကျန်းမာ အချိန်ကြာကြာ ဘယ်လိုပဲ ပြုစုရပြုစုရ ဘယ်တော့မှ မငြိုငြင်ခဲ့တဲ့ ညီအစ်မ မိသားစုတွေ ခုလို ရွှေတောင်ကြီးပြိုတဲ့အချိန်မှာ ဘယ်လိုမှ မခံစားနိုင်အောင် ကြေကွဲနေကြမှာပါပဲ။

မိဘဆိုတဲ့ အေးမြတဲ့ အရိပ်တစ်ခု ကွယ်သွားပေမယ့် နောက်အရိပ်ကြီးတစ်ခုက မားမားမတ်မတ် ကိုယ့်အပေါ်မှာ ရိပ်မိုးပြီးကျန်သေးတယ်ဆိုတာ သတိရပြီး ပူပင်သောကတွေ လျော့နိုင်သမျှ လျော့ချနိုင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါတယ်။ ကွယ်လွန် အနိစ္စရောက်ရှိသွားတဲ့ ဒါရိုက်တာ ဦးခင်ဇော်အတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါတယ်။

ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီး ကွယ်လွန်ဆုံးပါးသွားခဲ့ရပြီဖြစ်တဲ့ ဒါရိုက်တာမိုက်တီး၊ ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော်အတွက် ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းများဖြင့် ဆုတောင်းဂါရဝပြုပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref ; Chit Chit Zaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။