ချစ်သူနဲ့ခေတ္တခွဲခွာပြီး ပြည်ပမှာအလုပ်သွားလုပ်တဲ့ ဟန်လင်းအတွက် နှုတ်ဆက်စကားဆိုခဲ့တဲ့ မေဦး

Posted on - Dec 4 []

Rowena

စာရေးသူ

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မေဦး(Magic) ဟာ မြန်မာနိုင်ငံမှာတော့ နာမည်ကြီးထိပ်တန်း မိတ်ကပ်ပညာရှင်တစ်ယောက်ပါပဲ။ မေဦးရဲ့ မိတ်ကပ်အပြင်အဆင်တွေဟာ ပညာသားပါပြီး အရမ်းကိုလှလွန်းလို့ ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးလှပါတယ်။ မေဦးရဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုကို လိုချင်ရင် လပေါင်းမြောက်များစွာ စောင့်ဆိုင်းရပါတယ်။

မေဦးကို ပရိသတ်တွေက သူ့ရဲ့မိတ်ကပ်ပညာကြောင့်သာမကပဲ သူနဲ့ဟန်လင်းတို့ရဲ့ ချစ်စရာကောင်းတဲ့ Relationship ကြောင့်လဲ အားကျသဘောကျပါတယ်။ မေဦးဟာ သူ့ရဲ့ချစ်သူ မော်ဒယ်နှင့်သရုပ်ဆောင် ဟန်လင်းနဲ့ ချစ်ကြိုက်လာတာ အခုဆိုရင် (၂)နှစ်ကျော်နေပြီဖြစ်ပါတယ်။ မေဦးနဲ့ဟန်လင်းရဲ့ အချစ်ရေးက အစပိုင်းမှာ အနည်းငယ်ဝေဖန်မှုတွေရှိနေပေမယ့် သူတို့နှစ်ဦးကတော့ လက်တွဲမဖြုတ်ပဲ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ချစ်လာခဲ့တာပဲဖြစ်ပါတယ်။

မေဦးနဲ့ ဟန်လင်းဟာ သူတို့နှစ်သက်တဲ့အလုပ်တွေကို လုပ်ကိုင်ရင်း တစ်ယောက်ကိုတစ်ယောက် မခွဲခွာပဲချစ်ကြပါတယ်။ မေဦးနဲ့ ဟန်လင်းတိုအြတွဲလေးကိုလဲ ပရိသတ်တွေက ချစ်ခင်အားပေးကြပါတယ်။ ဟန်လင်းကလဲ မေဦးအပေါ်မှာ အရာအားလုံးထက်ပိုချစ်သူမို့ ပရိသတ်တွေက အားကျနေရတာပါ။

မေဦးဟာ နိုင်ငံခြားသွားတဲ့ ဟန်လင်းအတွက် နှုတ်ဆက်စကားလေးဆိုထားတာကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။ "ဘဝဟာအရာရာ စစ်မှန်တဲ့အချိန်ကိုစောင့်ပြီးလုပ်ဆောင်ရခြင်းဖြစ်သလို လူတိုင်းဟာကိုယ့်ပြေးလမ်းပေါ်မှာ ကိုယ့်အချိန်နဲ့ကိုယ်ပြေးနေရတာပါ..ကိုယ်ဟာတခါတလေ သူများထက်ရှေ့ရောက်နေတဲ့အချိန်ရှိသလို နောက်ရောက်နေတဲ့အချိန်ဆိုတာလဲရှိတတ်ပါတယ်...လူတိုင်းလူတိုင်းဟာ သူတို့အချိန်နဲ့သူတို့သွားလာနေသလို...သင်ပာာလဲသင့်အချိန်နဲ့သင်သွားလာနေသူမို့ပါ။ ဒါ့ကြောင့်ကိုယ့်ရှေ့ရောက်နေတဲ့သူကို မနာလိုစိတ်မထားသင့်သလို ကိုယ့်နောက်ရောက်နေသူကိုလည်း မလှောင်ပြောင်ပါနဲ့ ...အခုဆိုရင် မေဦးနဲ့ဟန်လင်း တို့နှစ်ယောက် ဘဝရဲ့ကျန်ရှိနေတဲ့အချိန်လေးတွေကို အကောင်းဆုံးနေထိုင်သွားဖို့နဲ့တန်ဖိုးရှိတဲ့သူတွေဖြစ်နိုင်အောင် အတူတူကြိုးစားတိုင်ပင်ရင်း သေချာပြင်ဆင်ထားပါတယ်❤️ယခုလည်း မေဦးတို့နှစ်ယောက်ရဲ့အချိန်လေးတွေ သာယာလှပနေဖို့နဲ့ သူရွေးခြယ်ထားတဲ့အလုပ်ကို အကောင်းကြိုးစားဖို့👍🏻❤️မေဦးနဲ့ခေတ္တခဏ ခွဲခွာပြီး ရေခြားမြေခြားသွားတဲ့အချိန်မှာလဲ အလုပ်မအားလို့ လိုက်မပို့နိုင်တာကို အရင်လိုခလေးမဆန်တော့ပဲ အရာရာနားလည်သဘောပေါက်တဲ့အကြည့်လေးနဲ့မေဦးရဲ့ခေါင်းလေးကိုညှင်သာစွာသပ်ပေးရင်း အလုပ်တွေသာသေချာလုပ်ဖို့ အရာရာဂရုစိုက်ဖို့ သူ့ကိုတသက်လုံးချစ်ပြီးသစ္စာရှိဖို့ သေချာမှာသွားတာများ ရင့်ကျက်တဲ့လူကြီးတယောက်လိုပဲ😭❤️နောက်ဆုံး အံ့သြစရာကောင်းလောက်အောင်ပြောင်းလဲသွားတဲ့မေဦးရဲ့ချစ်သူက မေဦးကိုကန်တော့သွားတဲ့အပြင် သူ့ရဲ့သွေးရင်းအမလိုချစ်ရတဲ့ ပာန်နီသားနဲ့ငယ်လေးကိုလဲကန်တော့သွားတာများ မေဦးမှာကျေနပ်ဝမ်းသာပြီး မျက်ရည်ကျရင်း ပိတိဖြစ်ရပါတယ်😭❤️ နောက်ပြီးမေဦးတို့နှစ်ယောက်ရဲ့အနွံတာကိုခံ ဆိုးတိုင်ပင်ကောင်းတိုင်ပင်နဲ့ဘေးမှာတချိန်လုံးရှိနေပေးပြီး နှစ်ယောက်စလုံးကိုအရမ်းချစ်တဲ့ ဟန်နီသားနဲ့ငယ်လေးကိုလဲ အရမ်းချစ်ပြီးကျေးဇူးလဲအရမ်းတင်တယ်❤️🙏😘
ဘာသာတရားကိုင်းရှိုင်း မိဘအပေါ်သိတတ် ချစ်သူကိုချစ်ပြီးဂရုစိုက် သူငယ်ချင်းတွေကိုကူညီဖေးမတတ်တဲ့ မေဦးရဲ့အချစ်လေး လမ်းခရီးတယောက်အဆင်ပြေချောမွေ့လို့ ကိုကိုရွေးခြယ်ထားတဲ့အလုပ်နဲ့ လူတိုင်းကချီးကြူးအားကြရတဲ့ သူတစ်ယောက်အဖြစ်ပြန်လာနိုင်ပါစေ....🙏❤️😘နှစ်ယောက်သားတိုင်ပင်မျှော်လင့်ထားတဲ့ ဘဝလေးကိုစိတ်ကူးယဉ်ပြီး ကိုကိုပြန်လာတဲ့အချိန်စောင့်မျှော်နေမယ့် ....ကိုကို ချစ်ရတဲ့လိမ္မာတဲ့ ဝက်ကလေး" ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ဟန်လင်းအတွက် သိတတ်တဲ့ချစ်သူကောင်းပီသတဲ့ မေဦးရဲ့ ပုံစံလေးက အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလဲ ချစ်စရာကောင်းတဲ့ မေဦးတို့အတွဲလေး ရှေ့ဆက်လျှောက်မယ့် လမ်းခရီးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လှမ်းနိုင်ပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုလဲ မိုမိုလေးမှ ကျေးဇူးအထူးပဲတင်ရှိပာတယ်။ မေဦးတို့အတွဲလေးကို ကြည့်ပြီး သဘောကျရင် ဒီပိုစ့်လေးကို Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။

Saw
Source; May Oo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။