၃၁နှစ်ပြည့်မွေးနေ့မှာ ဆက်စီကျတဲ့ ကိတ်မုန့်နဲ့ စပရိုက်လုပ်ခံရတဲ့ သင်ဇာဝင့်ကျော်

Posted on - Dec 4 []

Kay Ko Ko

စာရေးသူ

ယနေ့ ဒီဇင်ဘာလ(၄) ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ အသက်(၃၁) နှစ်ပြည့်မွေးနေ့ အတွက် သူငယ်ချင်းတွေနဲ့ ဖန်တွေက မနေ့က ဒီဇင်ဘာလ (၃)ရက်နေ့ ညမှာ သူမကို စပရိုက်လုပ်ပေးခဲ့ကြပါတယ်။ အဲ့ဒီထဲမှာမ သူငယ်ချင်းတွေလုပ်ပေးတဲ့ စပရိုက်ကိတ်မုန့်ကြောင့် သင်ဇာဝင့်ကျော်တစ်ယောက် တကယ့်ကိုစရိုက်ဖြစ်သွားခဲ့ရပါတယ်။ သူမဟာ နိုင်ငံတကာမော်ဒယ်တွေကဲ့သို့ ၀တ်စားဆင်ယင်တက်ပြီး အရမ်းကို ခေတ်မှီတဲ့မော်ဒယ်တစ်ဦးလဲ ဖြစ်ပါတယ်။ သူမဟာ အသက်(၃၁) နှစ်ပြည့်ခဲ့ပေမယ့် အိမ်ထောင်ပြုတော့မယ့် သတင်းတော့ ရေးရေးလေးတောင် မကြားမိသေးပါဘူး။

သူမဟာ မကြာသေးမှီ လပိုင်းကမှချစ်သူနဲ့ ပြတ်ဆဲခဲ့ပြီး နောက် သူငယ်ချင်းတွေနဲ့ဘဲ ပျော်ရွှင်စွာနေထိုင်နေပြီး ခုမွေးနေ့အတွက် စပရိုက်ကိုလဲ သူငယ်ချင်းတွေဖြစ်တဲ့ ခိုင်သဇင်ငုဝါ၊ ချာလီ၊ စည်သူဟိန်းနဲ့ ဟိန်းထက်မင်းထွန်း တို့က Birthday Surprise လုပ်ပေးခဲ့ကြပြီး သူမရဲ့ အမာခံဖန်တွေကလဲ ရိုက်ကွင်းထိလာရောက်ပြီး Birthday Surprise လုပ်ပေးခဲ့ကြပါတယ်။ အဲ့လို ချစ်ပေးကြတဲ့ သူတွေအတွက် သင်ဇာက " Thx u all so much for surprise birthday cake & present . it means a lot to me @khaing_thazin_ngu_wah @charliekelen @sithuhein146 @hein_htet_min_htun” ဆိုပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ည ကသူမ ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို သူငယ်ချင်းတွေသာမက ပရိသတ်တွေ ကလည်း Birthday Surprise လုပ်ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက် ဖေ့စ်ဘွတ် Comment ကနေတဆင့် နောက်ထပ် ပရိသတ်တွေကလဲ မွေးနေ့ဆုတောင်းစကားတွေ ပြောပြထားကြပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း ဖော်ပြလေ့ရှိပြီး ယခုနောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေကာ သူမကို ဝေဖန်မှုတွေလဲ များစွာ၇ှိနေပါတယ်။ သူမဟာ အနုပညာ အလုပ်တွေကိုလဲ လုပ်ကိုင်လျက်၇ှိပြီး ယနေ့မွေးနေ့မှာတော့ မွေးနေ့ အလှူအဖြစ် အောင်ဇဗ္မူတောရ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သူမကိုချစ်တဲ့ သူတွေရော မချစ်တဲ့သူတွေရော ချစ်တဲ့ မျက်စိနဲ့ ကြည့်ပေးကြပါနော်။

KKK(momolay)
Source - thinzarwintkyaw's fb
Photo - thinzarwintkyaw's fb, Myanmar Celebrity' s fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။