သင်တို့ မမြင်ဖူးသေးတဲ့ ကမ္ဘာ့ နာမည်ကြီးအကျော်အမော်တို့ ရဲ့ ရှားပါးဓာတ်ပုံများ

Posted on - Dec 4 []

Douglas Thura

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ Budget သန်းပေါင်းရာချီပြီး အကုန်အကျခံရိုက်ကူးလေ့ရှိတာကြောင့် Income တွေ သောက်သောက်လဲပြန်လည်သိမ်းပိုက်နိုင်တာမှန်တယ်ဆိုပေမဲ့လည်း ဇာတ်ကားတစ်ကားမှာအဓိကကျတဲ့ သရုပ်ဆောင်တွေရဲ့ ရေကုန်ရေခမ်းကြိုးစားအားထုတ်မှုတွေမပါရင် ၀င်ငွေကောင်းစရာအကြောင်းမရှိပါဘူး။ ဒါ့အပြင် Hollywood သရုပ်ဆောင်တွေဟာ ကျရာဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်မျိုးကို မတူတူအောင်လုပ်ယူကြရတာဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီအောင်သရုပ်ဆောင်နိုင်တဲ့ ကမ္ဘာကျော်မင်းသား၊မင်းသမီးတွေရဲ့ လက်ဖျားခါလောက်စရာ Acting Skill တွေကြောင့်လည်း ရိုက်ကူးခဲ့သမျှ ရုပ်ရှင်တိုင်းလိုလိုဟာ ကမ္ဘာကျော်တဲ့အဆင့်အထိကို ရောက်ရှိလာနိုင်တာဖြစ်ပါတယ်။ အခုမျှဝေပေးမှာကတော့ ရုပ်ရှင်ချစ်ပရိသတ်တစ်ယောက်အနေနဲ့ မြင်ဖူးထားသင့်တဲ့ ကမ္ဘာကျော်သရုပ်ဆောင်တို့ ရဲ့ ရှားပါးဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

1965 ခုနှစ်တုန်းက ရောမမြို့ မှာ စကိတ်စီးနေတဲ့ မင်းသားကြီး Clint Eastwood

အသက်(၁၇)နှစ်အရွယ် Alyssa Milano ဆီက အမှတ်တရလက်မှတ်တောင်းနေတဲ့ အသက်(၁၅)နှစ်အရွယ် Eva Mendes

ခွေးလေးကို ရေချိုးပေးနေတဲ့ အသက်(၁၇)နှစ်အရွယ် မင်းသမီးချော Elizabeth Taylor

စာရေးဆရာကြီး Stephen King ရဲ့ ဆေးလိပ်မီးညှိပေးနေတဲ့ အသက် (၉)နှစ်အရွယ် Drew Berrymore ပေါက်စလေး

Christian Bale ပေါက်စလေး

အသက် (၂၂)နှစ်အရွယ် Christopher Walken

အသက်(၁၃)နှစ်အရွယ် Britney Spears နဲ့ အသက်(၁၄)နှစ်အရွယ် Christina Aguilera

1970 ၀န်းကျင်တုန်းက တွေ့ ရတဲ့ မင်းသားကြီး Bruce Lee

(၆၆)ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အတူတွေ့ ရတဲ့ အသက်(၁၃)နှစ်အရွယ် Elijah Wood နဲ့ အသက်(၂၀)အရွယ် Leonardo Dicaprio

အသက်(၃၆)နှစ်အရွယ် မင်းသားကြီး Harrison Ford

1995 ခုနှစ်တုန်းက အသက်(၁၆)နှစ်အရွယ် မင်းသား Heath Ledger

Ref : BoredPanda
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။