မယုံနိုင်စရာကောင်းတဲ့ အသွင်အပြင်ကြောင့် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့သူ

Posted on - Dec 4 []

Vitamin

စာရေးသူ

အသက် ၁၅နှစ်သာရှိသေးတဲ့ ဂျပန်နိုင်ငံသားလေးတစ်ယောက်ဟာ သူရဲ့ရုပ်ရည်သွင်ပြင်ကြောင့် သူရဲ့အမိမြေ ဂျပန်နိုင်ငံနဲ့ အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံတွေမှာပါ နာမည်ကျော်ကြားလာခဲ့ရုံမကပဲနဲ့ အင်တာနက်စာမျက်နှာပေါ်မှာပါ အရမ်းကို လူသိများလာခဲ့ပါတယ်။

Idegami Baku လို့ အမည်ရတဲ့ ဆယ်ကျော်သက်အရွှယ် ဂျပန်နိုင်ငံသားလေးဟာ ပြီးခဲ့တဲ့လက ကျင်းပပြုလုပ်ခဲ့တဲ့ JUNON Super Boy ဆိုတဲ့ Talent ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အဖြစ် ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Baku က ဒီပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ထိကို ရောက်ရှိခဲ့ပေမယ့်လည်း ဘာဆုကိုမှတော့ မရရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း သူဟာ Winner ထက်ကို နာမည်ကြီးနေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ထူးခြားတဲ့ ရုပ်ရည်သွင်ပြင်ကြောင့်ပါပဲ။

ဟုတ်ပါတယ် Baku ရဲ့ ရုပ်ရည်က အရမ်းကိုချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ တူနေလို့ပါပဲ။ ရုပ်တောင်မဟုတ်ပါဘူး အသံကပါ မိန်းကလေးအသံ ဖြစ်နေရတာပါ။ Baku က တကယ်တော့ ယောကျာင်္းလေးတစ်ယောက်ပါ။ ဒါပေမယ့် သူ့ပုံစံက တမင်မိန်းကလေးတစ်ယောက်ထက်ကိုတောင် လှပလွန်းနေလို့ ဘယ်သူကမှ သူယောကျာင်္းလေးဆိုတာကို လက်မခံနိုင်ကြလို့ သူက သူရဲ့တွစ်တာမှာပါ ကျွန်တော်က ယောကျာင်္းလေးပါဗျာလို့ ပြောယူရတဲ့အထိပါပဲ။

Baku လို့ပဲ အမျိုးသမီးတွေနဲ့ အရမ်းတူလွန်းလို့ နာမည်ကြီးခဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူတို့အားလုံးက မိတ်ကပ်ခြယ်သမှုတွေ ပါဝင်မှသာ မိန်းကလေးတွေနဲ့ တူသွားတာဖြစ်ပြီးတော့ Baku ကတော့ သူရဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ ရုပ်ရည်အနေအထားနဲ့တင် မိန်းကလေးနဲ့ တော်တော်လေးကို တူနေရပါတယ်။

Idegami Baku က တကယ်ကို မိန်းကလေးတစ်ယောက်နဲ့ တူနေတယ်ဆိုတာကို သင်လက်ခံပါသလား ???

Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။