နာကျင်မှုတွေနဲ့ ရိုက်ကူးခဲ့ရတဲ့ အနမ်းဇာတ်ဝင်ခန်းအကြောင်းကို ပြောပြခဲ့ကြတဲ့ D.O. နဲ့ Park Hye Soo

Posted on - Dec 5 []

Zue

စာရေးသူ

Idol တစ်ယောက်အဖြစ်နဲ့သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်နေတဲ့ EXO အဖွဲ့ဝင် D.O ဟာဆိုရင် သိပ်မကြာခင်တဲ့လပိုင်းလောက်တုန်းက ပြသပြီးစီးသွားတဲ့ 100 Days My Prince ဇာတ်လမ်းတွဲကြောင့် Kpop ပရိသတ်တွေသာမက ဒရမ်မာပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို ရရှိခဲ့သူဖြစ်ပါတယ်။ D.O တစ်ယောက် ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဟာ ထိုဇာတ်လမ်းတွဲတစ်ခုတည်းမဟုတ်သေးပဲ နောက်ထပ်ဇာတ်ကားတစ်ခုရှိပါသေးတယ်။

အဲဒီဇာတ်ကားရဲ့ နာမည်ကတော့ “Swing Kids” ဖြစ်ပြီး ဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ D.O နဲ့ မင်းသမီး Park Hye Soo တို့က သူတို့ရိုက်ကူးခဲ့ရတဲ့ အနမ်းဇာတ်ဝင်ခန်းအကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

D.O က သူတို့ရိုက်ကူးခဲ့ရတဲ့ ဇာတ်ဝင်ခန်းဟာ အန္တရာယ်ရှိတယ်ဆိုတာကို ဦးစွာပြောပြခဲ့ပြီး မင်းသမီး Park Hye Soo ကို သူ့အနေနဲ့ အတင်းအကြပ်နမ်းခဲ့ရတဲ့ပုံစံဖြစ်တယ်လို့ ဆိုပါတယ်။ "အရိုးသားဆုံးပြောရရင် ဒီဇာတ်ဝင်ခန်းက အန္တရာယ်ရှိပါတယ်။ ဖိအားတစ်ခုကြောင့် အတင်းအကြပ်နမ်းခဲ့ရတဲ့ ဇာတ်ဝင်ခန်းဖြစ်ပြီး ပြန်တွေးကြည့်လိုက်ရင် အဲဒီတုန်းက အတင်းဖိအားတွေနဲ့ နမ်းခဲ့ရတာကြောင့် သွားတွေတောင် နာကျင်ခဲ့ရတယ်" လို့ D.O က ပြောပြခဲ့ပါတယ်။

အနမ်းခံခဲ့ရတဲ့ မင်းသမီး Park Hye Soo ကလည်း အဲဒီဇာတ်ဝင်ခန်းရိုက်ကူးခဲ့ရတာက အများထင်ထားတာထက်ကို အန္တရယ်များပြီး နာကျင်ခဲ့ရကြောင်းကို ပြောပြခဲ့ပါတယ်။ "သူ ပြောသလိုပါပဲ။ နည်းနည်းအန္တရာယ်ရှိပြီး နာကျင်မှုတွေလည်း ရခဲ့ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုအနမ်းဇာတ်ဝင်ခန်းကို ကြိမ်ဖန်များစွာရိုက်ကူးခဲ့ရတယ်လို့လည်း ဆိုပါသေးတယ်။ "ရိုက်ကူးရေးလုပ်တဲ့အချိန်တုန်းက ဇာတ်လမ်းအရပုံဖော်ချင်တဲ့ပုံစံက စိတ်မသက်မသာဖြစ်ရတဲ့ပုံစံဖြစ်ရမှာလေ..ဒါပေမယ့် ကျွန်မတို့က အဲဒီလိုပုံစံမျိုးမဖြစ်လို့ ခဏခဏရိုက်ကူးခဲ့ရပါတယ်လို့" ပြောပြသွားခဲ့တာပါ။

D.O ကတော့ သူ့အနေနဲ့ မင်းသမီး Park Hye Soo ကို သူ့ရဲ့ ညီမလေးတစ်ယောက်လိုပဲ မြင်မိကြောင်း၊ သူမနဲ့ အလုပ်အတူတူတွဲလုပ်ရတာ ပျော်ဖို့ကောင်းတဲ့အကြောင်းကိုလည်း "Park Hye Soo က ညီမလေးတစ်ယောက်လိုပါပဲ။ သူမရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဖော်ရွေတဲ့ဆက်ဆံရေးတို့ကြောင့် ရိုက်ကူးလုပ်နေတဲ့အချိန်တုန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်" လို့ ဆိုပါတယ်။

Park Hye Soo ကတော့ "ပထမတုန်းကတော့ သူနဲ့က နည်းနည်းအနေရခက်ခဲ့တယ်။ သူက စကားတွေ အများကြီးသိပ်မပြောတတ်တော့လေ။ ဒါပေမယ့် တစ်ရက်ကျတော့ ကျွန်မကို စနောက်ပြီးပြောနေတော့ အံ့တောင်အံ့သြမိခဲ့တယ်။ အစမ်းလေ့ကျင့်နေတဲ့အချိန်တုန်းက အနေရခက်ခဲ့ပေမယ့်လည်း သူက သရုပ်ဆောင်တဲ့အခါမှာ သင်ပြပေးပါတယ်။ သူနဲ့ သရုပ်ဆောင်ရတာလည်း ပျော်ဖို့ကောင်းပါတယ်" လို့ ဆိုကာ သူမနဲ့ D.O တို့ရဲ့ ဆက်ဆံရေးအကြောင်းကို ပြောပြခဲ့ပါတယ်။

မကြာခင်မှာ ပြသတော့မယ့် D.O ရဲ့ ဇာတ်ကားအသစ် Swing Kids

၁၉၅၁ ခုနှစ် အချိန်ကာလကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြသတော့မှာဖြစ်ပါတယ်။ နာကျင်မှုတွေနဲ့ ရိုက်ကူးခဲ့ရတဲ့ အနမ်းဇာတ်ဝင်ခန်းက ဘယ်လိုဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပဲနော်။

Ref : koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။