နာမည်ကြီးရုပ်ရှင်တွေထဲက ယုတ္တိမရှိလွန်းတဲ့ ဇာတ်ဝင်ခန်းတစ်ချို့

Posted on - Dec 5 []

Douglas Thura

စာရေးသူ

Hollywood ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေနားမလည်နိုင်တဲ့ ရုပ်ရှင်နောက်ကွယ်က ဖြစ်ရပ်တွေအများအပြားရှိပါတယ်။ Hollywood ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ Budget သန်းပေါင်းရာချီပြီး အကုန်အကျခံရိုက်ကူးလေ့ရှိတာကြောင့် Income တွေ သောက်သောက်လဲပြန်လည်သိမ်းပိုက်နိုင်တာမှန်တယ်ဆိုပေမဲ့လည်း ဇာတ်ကားတစ်ကားမှာအဓိကကျတဲ့ သရုပ်ဆောင်တွေရဲ့ ရေကုန်ရေခမ်းကြိုးစားအားထုတ်မှုတွေမပါရင် ၀င်ငွေကောင်းစရာအကြောင်းမရှိပါဘူး။ ဒါ့အပြင် Hollywood သရုပ်ဆောင်တွေဟာ ကျရာဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်မျိုးကို မတူတူအောင်လုပ်ယူကြရတာဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ မလိုအပ်ပဲ ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းရိုက်ချက်တစ်ချို့ ပဲဖြစ်ပါတယ်။ တစ်ကယ်ပဲ အပိုဖြစ်နေတဲ့ဇာတ်ဝင်ခန်းတွေလား၊ အဓိပ္ပါယ်ရှိတဲ့ရှိတဲ့ဇာတ်ဝင်ခန်းတွေလား ဆိုတာကို ပရိသတ်တွေအနေနဲ့ အောက်ပါအကြောင်းအရာတွေမှာ ဖတ်ရှုသုံးသပ်နိုင်ပါတယ်။

Jurassic Park

နာမည်ကျော် Jurassic World ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာ Camera Man ရဲ့ ရိုက်ချက်လွဲချော်မှုကြောင့် မိုးအတုရွာစေတဲ့ကိရိယာ ကို အထင်းသားမြင်နေရတာကို တွေ့ ရမှာပါ။

Year One

မင်းသား Jack Black ရိုက်ကူးထားတဲ့ Year One ဇာတ်ကားဟာ ဟာသဇာတ်ကားဆိုပေမဲ့လည်း ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဆိတ်တစ်ကောင်နဲ့ အပြောင်အပျက်လုပ်နေတဲ့ လူတစ်ယောက်ကို ထည့်သွင်းရိုက်ကူးထားတာဟာ ယုတ္တိမရှိပါဘူး။

Despicable Me

ဘယ်သူမှ သတိမထားမိလိုက်ပေမဲ့ နာမည်ကျော် Despicable Me ကာတွန်းရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာ Minion လေးနှစ်ကောင် အနမ်းခြွေနေတဲ့ ရိုက်ချက်ဟာ ဒါရိုက်တာက Bonus အနေနဲ့ ထည့်သွင်းရိုက်ကူးပေးထားတယ်လို့ ယူဆရမှာပါ။

Raiders Of The Lost Ark

Raiders Of The Lost Ark ရုပ်ရှင်ကို တော်တော်များများကြိုက်နှစ်သက်ကြပေမဲ့ အဆိုပါရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ပျင်းရိလွန်းပြီး နှေးနှေးကွေးကွေးနဲ့ အသားခုတ်နေတဲ့ သားသတ်သမားတစ်ယောက်ကို ရိုက်ပြထားတာဟာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။

Terminator 2: Judgment Day

Terminator ရုပ်ရှင်ထဲမှာ မင်းသားကြီးအာနိုးဟာ တုတ်ပြီးဓားပြီးကျည်ဆန်ပြီးတဲ့ စက်ရုပ်တစ်ရုပ်ဆိုပေမဲ့လည်း ဓားနဲ့ အထိုးခံရပြီး ဓားကွေးသွားတဲ့ဇာတ်ဝင်ခန်းကိုတော့ တော်တော်များများ ဝေဖန်ခဲ့ကြပါတယ်။ အဆိုပါဇာတ်ဝင်ခန်းမှာ ပြထားသလို တစ်ကယ့်ဓားအစစ်က မကွေးနိုင်ဘူးလို့ ဆိုပါတယ်။

Beauty And The Beast ကာတွန်းရုပ်ရှင်ထဲက ပါလိုက်၊မပါလိုက်ဖြစ်နေတဲ့ Belle ရဲ့ ခါးစည်းကြို

Ref : Diply
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။