အဓိကဇာတ်ကောင်မင်းသားတွေထက် နာမည်ပိုကြီးခဲ့တဲ့ ဗီလိန်သရုပ်ဆောင်များ

Posted on - Dec 5 []

Douglas Thura

စာရေးသူ

တစ်ခါတစ်လေမှာ နိုင်ငံတကာရုပ်ရှင်ချစ်ပရိသတ်တွေဟာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ Superhero တွေထက် Villain ဇာတ်ကောင်တွေကို ပိုပြီးသဲသဲလှုပ်ချစ်ကြတယ်ဆိုတာကို Batman: The Dark Knight ရုပ်ရှင်ထဲက Joker အဖြစ်အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသားချော Heath Ledger က သက်သေပါပဲ။ Heath တစ်ယောက် အသက်ငယ်ငယ်လေးနဲ့ ဆုံးပါးသွားခဲ့ရပြီး သူ့ ရဲ့ Joker ဇာတ်ကောင်နဲ့ Best Supporting Actor ဆုအတွက် အော်စကာဆုရရှိခဲ့တာကိုတောင် သိခွင့်မရသွားခဲ့ပါဘူး။ အဓိကဇာတ်ကောင်မင်းသားတွေထက်ကို ပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရတဲ့ ဗီလိန်သရုပ်ဆောင်တွေတစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

Spider-Man ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော James Franco

Harry Potter Film Series ထဲမှာ လူဆိုးကြီး Voldemort အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ralph Fiennes

X-Men Film Series ထဲမှာ ဗီလိန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Michael Fassbender

Thor ရုပ်ရှင်ထဲမှာ ဗီလိန်နေရာရော မင်းသားနေရာမှာပါ သရုပ်ဆောင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေ သဲသဲလှုပ်ကြိုက်ခဲ့ကြတဲ့ Tom Hiddleston

The Walking Dead Series ထဲမှာ လူဆိုးဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့တဲ့ Norman Reedus

Batman: The Dark Knight Rises ရုပ်ရှင်ထဲမှာ လူဆိုးကြီး Bane အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Tom Hardy

The Vampire Diaries Series ထဲမှာ ဗီလိန်နေရာရော၊ မင်းသားနေရာမှာပါ သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Ian Somerhalder

ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ဒီ ဗီလိန်ဇာတ်ကောင်တွေအားလုံးကို မကြိုက်ရင်တောင်မှ တစ်ယောက်၊နှစ်ယောက်လောက်ကိုတော့ သဲသဲလှုပ်အားပေးခဲ့ကြဖူးမယ်ဆိုတာ သေချာပါတယ်။ ဘယ် villain ဇာတ်ကောင်ကို အကြွေဆုံးလဲဆိုတာ Like & Share လုပ်ပြီး ပြောပြသွားခဲ့ပါဦးနော်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။