ရော်နယ်ဒိုကို ဂျူဗင်တပ်အသင်း ဘာကြောင့်ခေါ်ယူခဲ့လဲဆိုတာ ပြောပြသွားတဲ့ဘူဖွန်

Posted on - Dec 6 []

Thar Lay Htet Aung

စာရေးသူ

ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမားကြီး ဘူဖွန်က ဂျူဗင်တပ်အသင်း ကမ္ဘာကျော် တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူခဲ့ခြင်းမှာ ကစားသမားများ ထပ်မံထွက်ခွာမည့် အခြေအနေကို ရှောင်လွှဲနိုင်ရန်ဖြစ်ကြောင်း သုံးသပ်ပြောကြား သွားခဲ့ပါတယ်။ ဘူဖွန်ဟာ ဂျူဗင်တပ်အသင်းရဲ့ ဂန္တ၀င်ဂိုးသမားကြီးဖြစ်ပြီး ရော်နယ်ဒို ဂျူဗင်တပ်ကို မရောက်လာခင်မှာ ဂျူဗင်တပ်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဘူဖွန်က “ကျွန်တော် ထွက်ခွာသွားပြီးနောက်မှာ နောက်ထပ်ကစားသမားတွေကိုလဲ လက်လွှတ်ရနိုင်တယ်လို့ ဂျူဗင်တပ်အသင်း ယူဆခဲ့တဲ့ ပုံစံပါပဲ။ တကယ်တမ်းမှာလဲ အသင်းကနေ နာမည်ကျော် ကစားသမားတွေ ထွက်ခွာဖို့ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့်လဲ အသင်းပြောင်းဖို့ ရှိနေတဲ့သူတွေကို ဆက်လက်ဆွဲဆောင် ထားနိုင်ဖို့ ရည်ရွယ်ပြီး ရော်နယ်ဒိုကို ခေါ်ယူခဲ့တာပါ။ ဒါဟာမှန်ကန်တဲ့ အဖြေတစ်ခုလဲ ဖြစ်ခဲ့ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဘူဖွန်က ရော်နယ်ဒိုဟာ လူငယ်ကစားသမား တိုင်းအတွက် စံပြထိုက်တဲ့ ကစားသမား တစ်ယောက်ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပြီး မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေက သူ့ကိုလက်ရှိအချိန်ထိ အကောင်းဆုံး ပုံစံမှာရှိနေအောင် ထောက်ပံ့ပေးထားကြောင်း ပြောကြားသွားခဲ့ပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။