ဒမ္ဘီလီဟာ နေမာ၊အမ်ဘတ်ပီတို့ထက် ပိုကောင်းနိုင်ကြောင်း ပြောကြားခဲ့တဲ့ အဘီဒယ်

Posted on - Dec 6 []

Thar Lay Htet Aung

စာရေးသူ

ဘာစီလိုနာအသင်းရဲ့ နောက်ခံလူဟောင်း အဘီဒယ်က လက်ရှိဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီဟာ နေမာ၊အမ်ဘတ်ပီတို့ထက် ပိုကောင်းလာနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် အဘီဒယ်က ဒမ်ဘီလီအနေနဲ့ အဲ့လိုဖြစ်ဖို့ လိုအပ်ချက်တွေကိုလဲ ထောက်ပြသွားခဲ့ပါတယ်။

အဘီဒယ်က “ဒမ်ဘီလီဆီမှာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိပါတယ်။ အဲ့ဒီအရည်အသွေးတွေ ပေါ်လွင်လာဖို့အတွက် သူကိုယ်တိုင် ပြုပြင်ရမှာတွေ ရှိသလို သူ့ကိုအသုံးပြုတဲ့ နည်းပြကလဲ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်သိရသလောက်တော့ ဒမ်ဘီလီဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းတယ်ဆိုတာပါ။ အဲ့ဒီအချက်က ဘောလုံးသမားတစ်ယောက်မှာ အရေးကြီးဆုံးပါပဲ။ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းရင် အောင်မြင်တဲ့ ကစားသမား မဖြစ်လာနိုင်ပါဘူး။ တကယ်လို့ ဒမ်ဘီလီသာ အကောင်းဆုံး ကြိုးစားပြီး နည်းပြကလဲ အကွက်ကျကျ အသုံးပြုတတ်မယ်ဆိုရင် သူဟာ နေမာ၊ အမ်ဘတ်ပီတို့ထက်တောင် ပိုကောင်းလာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာကို ရောက်စတုန်းက ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ်မှာတော့ ဘာစီလိုနာအသင်း ရုန်းကန်နေရချိန်မှာ ခြေစွမ်းပြပြီး နိုင်ပွဲတွေကို ရှာဖွေပေးနေသူပါ။ ဒါပေမယ့်လဲ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေပြီး ဂိမ်းစွဲနေတာက သူ့ရဲ့ကစားသမားဘ၀ကို အဟန့်အတား ဖြစ်နေတာကြောင့် အဘီဒယ်က အခုလို အကြံပေးခဲ့တာ ဖြစ်ပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။