ဝုဗ်အသင်းကိုရှုံးနိမ့်ခဲ့လို့ မန်စီးတီး၊လီဗာပူးတို့နဲ့ အမှတ်ပြတ်သွားပြီဖြစ်တဲ့ ချဲလ်ဆီးအသင်း

Posted on - Dec 6 []

Thar Lay Htet Aung

စာရေးသူ

ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀ုဗ်အသင်းနဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်ဝုဗ်အသင်းက ၂-၁နဲ့အနိုင်ရရှိ သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ သူတို့အသင်းရဲ့ အဓိကပြိုင်ဘက်တွေ အနိုင်ရခဲ့ချိန်မှာ ရှုံးနိမ့်ခဲ့တာကြောင့် အထိနာခဲ့ရပါတယ်။

ဒီပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကို ချဲလ်ဆီးအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁၈မိနစ်မှာပဲ လော့ဖ်တက်ချိခ်က သွင်းယူပေးခဲ့ကာ ပထမပိုင်းမှာ ချဲလ်ဆီးအသင်း ၁-၀နဲ့အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ၅၉မိနစ်မှာတော့ ၀ုဗ်အသင်းက ချေပဂိုးပြန်ရသွားခဲ့ပြီး ရာအူးဂျီမီနက်စ်က သွင်းယူပေးခဲ့တာပါ။ ချေပဂိုးပေးလိုက်ရပြီးနောက် ချဲလ်ဆီးအသင်း ပြာသွားခဲ့ပြီး ၄မိနစ်အကြာမှာပဲ တိုက်စစ်မှူးဂျိုတာက ၀ုဗ်အသင်းအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူ ပေးသွားခဲ့ပါတယ်။

လက်ကျန် ပွဲကစားချိန်တွေမှာတော့ ချဲလ်ဆီးအသင်း ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ၀ုဗ်အသင်းက ခံစစ်ကိုပိတ်ဆို့ကစားပြီး သူတို့အသင်းရဲ့ အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်း ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်၎နေရာကို ရောက်ရှိသွားခဲ့ပြီး ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၁၀မှတ်၊ ဒုတိယနေရာက လီဗာပူးအသင်းနဲ့ ၈မှတ်အထိ ကွာဟသွားပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက်ေ၀၀ါးသွားခဲ့ပါပြီ။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။