ဒေါသထွက်လို့ အော်ဟစ်ပြောဆိုခဲ့ရာကနေ ကမ္ဘာကျော်မင်းသမီးဖြစ်လာခဲ့သူ

Posted on - Dec 6 []

Vitamin

စာရေးသူ

လှံထမ်းလာတာကိုသာ မြင်ရနိုင်တယ် ကံထမ်းလာတာကို မမြင်ရနိုင်ဘူးဆိုတဲ့ စကားပုံလေးကို လူတိုင်းရင်းနှီးနေကြမှာပါ။ မမျှော်လင့်ထားတဲ့ ကံတရားကြောင့် ရုတ်တရက် ထအောင်မြင်လာနိုင်သလို အမြင့်ဆုံးအခြေအနေကလည်း အောက်ဆုံးကို တန်းရောက်သွားနိုင်ပါတယ်။ ဒါပေမယ့် သူမကတော့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အခြေအနေတစ်ခုကနေ ကမ္ဘာကျော်မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ သူမကတော့ ဟောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသမီးကြီး Charlize Theron ဖြစ်ပါတယ်။

အော်စကာဆု ၊ ရွှေကမ္ဘာလုံးဆုတို့လို နာမည်ကျော် ရုပ်ရှင်ဆုတံဆိပ်ပေါင်းများစွာကို ရယူပိုင်ဆိုင်ဖူးခဲ့သူ မင်းသမီးကြီး Charlize Theron ဟာ တောင်အာဖရိကန်-အမေရိကန်နွယ်ဖွား ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ Monster , Mad Max : Fury Road , Prometheus , Snow White and the Huntsman အစရှိတဲ့ ဇာတ်ကားတွေနဲ့ အောင်မြင်မှုယူခဲ့သူဖြစ်ပါတယ်။

တကယ်တော့ Charlize Theron က အရင်ကတည်းက အနုပညာကို စိတ်ဝင်စားနေခဲ့သူ ဆိုပေမယ့်လည်း သူမ တကယ်ဖြစ်ချင်တာကတော့ ဘဲလေးကချေသည်ပါ။ ဒါပေမယ့် ခြေထောက်ဒဏ်ရာကြောင့် သူမရဲ့အိမ်မက်ကို စွန့်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူမရဲ့ အမှတ်မထင် ပြုမူခဲ့မှုကနေတစ်ဆင့် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးဖြစ်လာဖို့ အကြောင်းဖန်သွားခဲ့ပါတယ်။

သူမ အသက် ၁၉နှစ်အရွှယ်လောက်က ရုပ်ရှင်နယ်ပယ်ထဲကို စတင်ခြေချဖို့အတွက် အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်မြို့ကို ရောက်ရှိလာတုန်း ဘယ်ရုပ်ရှင်ထုတ်လုပ်ရေးကိုမှ မဆက်သွယ်လိုက်ရပဲ မင်းသမီးဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ ဘဏ်တစ်ခုမှာ သူမမိခင်ပေးလိုက်တဲ့ ချက်လက်မှတ်နဲ့ပတ်သက်ပြီး ဘဏ်ဝန်ထမ်းနဲ့ အချေအတင် အော်ဟစ်စကားများခဲ့လို့ပါပဲ။ အဲ့ဒီအချိန်မှာ ဒီမြင်ကွင်းကို Talent Agency တစ်ခုမှ တာဝန်ရှိသူတစ်ဦးက အစအဆုံး တွေ့မြင်ခဲ့ပြီး Charlize Theron ရဲ့ အမှုအယာတွေကို အရမ်းသဘောကျမိသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အဲ့ဒီအေးဂျင့်က Charlize Theron ကို သွားရောက်မိတ်ဆက်ခဲ့ပြီး ရုပ်ရှင်အေးဂျင့်များနဲ့ ချိတ်ဆက်ပေးခဲ့သလို သရုပ်ဆောင်သင်တန်းတွေကိုပါ အပ်နှံပေးခဲ့ရာကနေ အခုလို ကမ္ဘာကျော် ထူးချွန်ပြောင်မြောက်တဲ့ မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်။

Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။