နာမည်ကြီးကာတွန်းရုပ်ရှင်တွေထဲက စိတ်ဝင်စားစရာ မြှုပ်ကွက်လေးတွေ

Posted on - Dec 6 []

Douglas Thura

စာရေးသူ

ရုပ်ရှင်ချစ်ပရိသတ်တွေ သိကြပြီးတဲ့အတိုင်း ထိတ်ထိတ်ကြဲ ကာတွန်းရုပ်ရှင် Studio ဖြစ်တဲ့ Disney က ထုတ်လုပ်ရိုက်ကူးတဲ့ ဇာတ်ကားတွေဟာ ဇာတ်လမ်း၊ဇာတ်အိမ်ကောင်းမွန်ရုံသာမကပဲ ကြည့်ရှုသူပရိသတ်တွေအတွက် ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ၊ သင်ခန်းစာယူနိုင်တဲ့ အချက်လေးတွေကိုပါ ထည့်သွင်းရိုက်ကွင်းလေ့ရှိတာကြောင့် လူတန်းစားမရွေး အားပေးကြတဲ့ ကာတွန်းရုပ်ရှင်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းမွန်ရုံသာမကပဲ Animation ပိုင်းမှာလည်း သေသပ်လှပလွန်းတဲ့ဇာတ်ကောင်လေးတွေ ဖန်တီးနိုင်တဲ့ Disney ဟာ ပရိသတ်တွေလုံးဝသိနိုင်မှာမဟုတ်တဲ့ မြှုပ်ကွက်လေးတွေ၊ လျှို့ ဝှက်ချက်တွေလည်း မသိမသာထည့်သွင်းထားလေ့ရှိတာကြောင့် ပရိသတ်တွေအတွက် ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်။

Moana ရုပ်ရှင်ရဲ့ အစပိုင်းမှာ Moana ငယ်ငယ်တုန်းက ကုန်းပေါ်တင်နေတဲ့ လိပ်သေးသေးလေးတစ်ကောင်ကို သေချာပြုစုပြီး ပင်လယ်တဲ့လွှတ်ပေးလိုက်တဲ့ဇာတ်ဝင်ခန်းကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ အဆိုပါလိပ်လေးဟာ Lilo and Stitch ဇာတ်ကားထဲမှာပါတဲ့ လိပ်လေးဖြစ်ပါတယ်။

မာဝီကြီးတစ်ယောက် မှော်ချိတ်ကောက်ရဲ့ အစွမ်းနဲ့ ပုံစံမျိုးစုံပြောင်းတဲ့ ဇာတ်ဝင်ခန်းမှာလည်း Frozen ရုပ်ရှင်ထဲက သမင်ကြီး Sven အဖြစ်ပြောင်းလဲသွားသေးတာကိုတော့ ပရိသတ်တွေသိကောင်းသိနိုင်ပါလိမ့်မယ်။

Frozen ရုပ်ရှင်ထဲမှာပဲ Anna ဘေးမှာတွေ့ ရတဲ့ အချိုမုန့် တွေရဲ့ ပုံစံဟာ Wreck-It Ralph ရုပ်ရှင်ထဲက game တွေရဲ့ ပုံစံတွေနဲ့ တစ်ပုံစံတည်း တူနေတာကို တွေ့ ရမှာပါ။ ( Wreck-It Ralph ရုပ်ရှင်ဟာ Frozen မထွက်ရှိခင် တစ်နှစ်လောက်အလိုက ထွက်ရှိထားတာဖြစ်ပါတယ်။ )

Ratatouille ကာတွန်းကားထဲမှာပဲ Linguini ဟာ ကြွက်လေး Remy ကို သူ့ ဘောင်းဘီထဲ ၀ှက်ထားတဲ့ဇာတ်ဝင်ခန်းမှာလည်း Linguini ၀တ်ထားတဲ့ အတွင်းခံဘောင်းဘီဟာ The Incridibles logo ပုံတွေဖြစ်နေတာကို တွေ့ ရမှာပါ။

Ratatouille ကာတွန်းကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာလည်း The Incredibles ဇာတ်ကားထဲက လူဆိုးတစ်ယောက်ဖြစ်တဲ့ Bomb Voyage ပါဝင်နေတာကို တွေ့ ရမှာပါ။

1959 ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးကာတွန်းရုပ်ရှင် Sleeping Beauty ဇာတ်ကားကို ပရိသတ်တွေအနေနဲ့ ရင်းနှီးကြပြီးဖြစ်မှာပါ။ အဆိုပါဇာတ်ကားထဲမှာ မင်းသမီးလေးအော်ရိုရာကို ကံဆိုးမိုးမှောင်ကျစေခဲ့တဲ့ မှော်ဝင်ချည်ဘီးလုံးဟာ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Tangled ရုပ်ရှင်ဇာတ်ကားထဲမှာလည်း တစ်ထောင့်တစ်နေရာက ပါဝင်လာတာကို တွေ့ ရမှာပါ။

Zootopia

အော်စကာဆုရ Zootopia ရုပ်ရှင်ထဲမှာလည်း မာဖီးယားဂိုဏ်းခေါင်းဆောင် Mr. Big ရဲ့ ပုံစံဟာ 1972 ခုနှစ်ကထွက်ရှိခဲ့တဲ့ ထိတ်ထိတ်ကြဲရုပ်ရှင် The Godfather ထဲက Don Corleone ရဲ့ ပုံစံအတိုင်း ဖန်တီးရေးဆွဲထားတာကို တွေ့ ရမှာပါ။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။