နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲက လွဲချော်နေတဲ့ ဇာတ်ဝင်ခန်းအမှားများ

Posted on - Dec 6 []

Douglas Thura

စာရေးသူ

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်မြောက်လာဖို့ ဆိုတာ တစ်ကယ်ကိုမလွယ်ကူလှတဲ့အရာတစ်ခုပါ။ ထုတ်လုပ်သူတွေအနေနဲ့ လည်း ဇာတ်ကားရိုက်ကူးနေစဉ်မှာ လိုအပ်သမျှ Budget ပမာဏကို ထုတ်ပေးနိုင်ရမှာဖြစ်ပြီး သရုပ်ဆောင်မင်းသား၊မင်းသမီးတွေကလည်း Director ရဲ့ ဇာတ်ကောင်ပုံသွင်းမှုတွေနဲ့ အတူ ကိုယ်ပိုင်ဖန်တီးသရုပ်ဆောင်ချက်တွေနဲ့ လည်း တသားတည်းကျနေဖို့ အရေးကြီးပါတယ်။ ဒီလို ဂရုတစိုက်ဖန်တီးရိုက်ကူးခဲ့တဲ့ကြားက ရုံတင်ပြသတဲ့အခါမှာ ပရိသတ်တွေသတိမထားမိလိုက်ပေမဲ့ သေချာပြန်ကြည့်လိုက်တဲ့အခါမှာ လွဲချော်နေတဲ့ဇာတ်ဝင်ခန်းအမှားလေးတွေကို တွေ့ ရတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Home Alone ရုပ်ရှင်ထဲမှာ အရောင်ပြောင်းသွားတဲ့ ဘောင်းဘီ

American Pie ဇာတ်ကားထဲက တစ်နေရာတည်းမှာ ပုံစံပြောင်းသွားတဲ့ ခွက်တွေ

Transformers: Revenge of the Fallen ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းတည်းမှာ ပြောင်းလဲသွားတဲ့ ကားအမိုးပုံစံ

Star Wars: Episode VII — The Force Awakens ရုပ်ရှင်ထဲက အင်္ကျီပုံစံပြောင်းလဲနေမှု

P.S. I Love You ဇာတ်ကားထဲက ပုံပြောင်းသွားတဲ့ ရုပ်ပုံကားချပ်

Mr. and Mrs. Smith ရုပ်ရှင်ထဲမှာ ချက်ချင်းပုံစံပြောင်းသွားတဲ့ ကားထိုင်ခုံပုံစံ

Mad Max: Fury Road ဇာတ်ကားထဲမှာ ချက်ချင်းပြောင်းလဲသွားတဲ့ သေနတ်တွေ

ဘယ်လောက်ပဲကောင်းမွန်ပြည့်စုံနေတဲ့ဇာတ်ကားလို့ ပြောပါစေ၊ ချို့ ယွင်းချက်၊ လွဲမှားချက်လေးတွေကတော့ အခုလို အနည်းနဲ့ အများ ပါဝင်နေတာကို တွေ့ ရပါတယ်။ ပရိသတ်တွေအနေနဲ့ ကတော့ ဇာတ်လမ်းထဲမှာ စီးမျောနေတာကြောင့် ဒီလိုလွဲချော်မှုလေးတွေကို သတိမထားမိလိုက်ပေမဲ့ နာမည်ကြီးမီဒီယာတွေရဲ့ စေ့စေ့စပ်စပ် ဖော်ပြမှုတွေကြောင့်သာ အခုလို သိမြင်ရတာဖြစ်ပါတယ်။ လွဲချော်မှုလေးတွေ ရှိနေပေမယ့်လည်း ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်တဲ့ Hollywood ဇာတ်ကားကြီးတွေကတော့ တစ်ကားထက်တစ်ကား ပိုပြီးအောင်မြင်နေဦးမယ်ဆိုတာ အထူးတလည်ပြောပြနေစရာမလိုပါဘူးနော်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။