ယခုအချိန်အထိ နုပျိုနေရတဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောပြလိုက်တဲ့ နန်းဆုရတီစိုး

Posted on - Dec 6 []

K Kay

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးဟာဆိုရင် အရမ်းကို ချစ်စရာကောင်းပြီး နုပျိုငယ်ရွယ်နေတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို ယခုအချိန်အထိ လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိ အပီအပြင် သရုပ်ဆောင်ပြသပေးနိုင်ခဲ့သလို အဆိုပိုင်းမှာလည်း ပြောစရာမလိုလောက်အောင် ကောင်းမွန်လွန်းခဲ့တာကြောင့် ယခုအချိန်အထိ အောင်မြင်ကျော်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ အရမ်းလှပြီး ချစ်စရာကောင်းတဲ့ သူမကတော့ အချစ်ရေးမှာလည်း ပျော်စရာကောင်းတဲ့ အချစ်ရေးကို ရယူပိုင်ဆိုင်ထားရှိခဲ့ရတာကြောင့် ပရိသတ်တွေရဲ့ လေးစားအားကျမှုကို တစ်ဖန်ပြန်လည် ရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။

အသက် ၃၀ ကျော်အရွယ်ကို ရောက်ရှိလာခဲ့ပေမယ့် လူငယ်နဲ့မခြား အရမ်းကို ချစ်စရာကောင်းတဲ့ နန်းဆုကတော့ ယခုအချိန်အထိ ငယ်ရွယ်နုပျိုမှုတွေနဲ့ ဘဝခရီးကို ရှေ့ဆက်နေခဲ့တာပဲဖြစ်ပါတယ်။ သူမနုပျိုနေတာနဲ့ ပတ်သက်ပြီး သိချင်နေကြတဲ့ ချစ်ပရိသတ်များအတွက် ယခုအချိန်အထိ နုပျိုနေတဲ့ အကြောင်းအရင်းလေးကို " နုပျိုရခြင်းလျို့ဝှက်ချက်??? လာမမေးနဲ့ တွေ့ရာအရပ်မှာပျော်ပျော်နေတယ် တွေ့တဲ့သူတွေအားလုံးကို စိတ်ချမ်းသာအောင်ထားတယ် " ဆိုတဲ့ စာသားလေးနဲ့

" ပေါစရာရှိပေါ ပျော်စရာရှိပျော် လုပ်စရာရှိလုပ် သွားစရာရှိသွား ချစ်စရာရှိချစ် ငိုစရာရှိငို အော်စရာရှိအော် အရာအားလုံးကခနပဲ... အဲ့တော့ ပျော်စရာကောင်းတဲ့ ခနလေးတွေ အများကြီးဖန်းတီးကြည့်.... အခုတင်စရာရှိလို့တင်😜 " ဆိုတဲ့ စာသားလေးနဲ့ ပျော်ပျော်နေလို့ နုပျိုနေတဲ့ အကြောင်းလေးကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

နုပျိုငယ်ရွယ်မှုတွေနဲ့ ဘဝခရီးကိုဆက်နေတဲ့ နန်းဆုရဲ့ အေးချမ်းတဲ့ ဘဝလေးကတော့ လေးစားအားကျစရာပါပဲနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ နန်းဆုကို ပရိသတ်ကြီးက ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။

လေဆိပ်မှာ ဘယ်သူမှမရှိတော့ တစ်ယောက်တည်း စိတ်ကြိုက်ပဲများခွင့်ရသွားသူဆိုပြီး လေဆိပ်မှာ စိတ်ကြိုက်ပဲများထားတဲ့ နန်းဆုရတီစိုးရဲ့ ချစ်စရာအလှပုံရိပ်

ချစ်စရာကောင်းတဲ့ မျောက်လေးနဲ့ နန်းဆုရတီစိုးတို့ရဲ့ video

အခုအချိန်အထိ နုပျိုနေတဲ့ အပျိုကြီးမမ နန်းဆုရဲ့ နုပျိုခြင်းလျှို့ဝှက်ချက်လေးကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ နန်းဆုရဲ့ ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref ; Nansu Yati Soe's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။