ရိုနယ်ဒိုကို မခေါ်ယူဖြစ်ခဲ့တဲ့အကြောင်း ဘိုင်ယန်ရှင်းချက်ထုတ်

Posted on - Dec 6 []

Vitamin

စာရေးသူ

ရိုနယ်ဒိုက လက်ရှိမှာ အသက် ၃၃နှစ်အရွှယ် ရောက်ရှိနေပါပြီ။ ဒါပေမယ့် သူရဲ့စွမ်းဆောင်ရည်တွေက လုံးဝကို ကျဆင်းမသွားသေးဘူးဆိုတာ ဘောလုံးပရိသတ်တွေ မြင်တွေတော်မူတဲ့အတိုင်းပါပဲ။ ဒီလို ကစားသမားမျိုးကို ပေါင်သန်းတစ်ရာနဲ့ ခေါ်ယူခဲ့တဲ့ ဂျုဗင်တပ်အသင်းရဲ့ စွန့်စားမှုဆန်ဆန် လုပ်ရက်ကလည်း အောင်မြင်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ၉နှစ်တာ ကျင်လည်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ကြိမ်နဲ့ လာလီဂါဖလား ၂ကြိမ်ရယူပေးနိုင်ခဲ့တဲ့ ရိုနယ်ဒိုက ဥက္ကဌဖြစ်သူနဲ့ အဆင်မပြေရာကနေ ရီးရဲလ်အသင်းကနေ ထွက်ခွာခဲ့တာဆိုပေမယ့် သူဟာ သူရဲကောင်းတစ်ယောက် Legend ကြီးတစ်ယောက်အဖြစ် ဆက်လက်ရှိနေဆဲတာ ဂျုဗင်တပ်မှာ သူပြနေတဲ့ခြေစွမ်းက သက်သေပါပဲ။

သူရီးရဲလ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ဥရောပအသင်းကြီးများစွာက ငွေထုတ်ပိုက်ပြီး အပြိုင်ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဂျုဗင်တပ်က အားလုံးထက် လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရိုနယ်ဒိုကို ခေါ်ယူလိုက်လို့ အခြားအသင်းတွေက ဂျုဗင်တပ်ကို အားကျနေတာမျိုးမဟုတ်ပဲ ရိုနယ်ဒိုလို အသက်အရွှယ်အရ အကျပိုင်းရောက်တော့မယ့် ကစားသမားတစ်ယောက်ကို ဒီလောက်များပြားလှတဲ့ ပြောင်းရွှေ့ကြေးတွေသုံးတာ တရားလွန်လွန်းတယ်ဆိုပြီး ဝန်ခံခဲ့ကြတာပါ။ အခုဆို ဝေဖန်သံတွေအားလုံးလည်း တိတ်ဆိတ်သွားခဲ့ပါပြီ။

တကယ်တော့ ရိုနယ်ဒိုကို လိုချင်နေတဲ့ အသင်းတွေက အများကြီးပါ။ လူတော်တော်များများကတော့ ငွေနောက်လိုက်ပြီး အမေရိကဘက်ကို ကြွမြန်းသွားလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ရိုနယ်ဒိုကတော့ ဥရောပမှာ သူရဲ့အရှိန်အဝါကို ဆက်လက်တောက်ပနေချင်သေးတာကြောင့် ဂျုဗင်တပ်ကို သူရွေးချယ်ခဲ့တယ်။ ဒါပေမယ့် သူဂျုဗင်တပ်မရောက်ခင် ရိုနယ်ဒိုကို စောင့်ကြည့်ခဲ့တဲ့ အသင်းကြီးတစ်သင်းလည်း ရှိခဲ့ပါသေးတယ်။

ဒီအသင်းက ဘိုင်ယန်မြူးနစ်ပါ။ ရိုနယ်ဒိုလို ကစားသမားမျိုးကို ခေါ်ယူသွားဖို့ ငွေကြေးအင်အားကောင်းကောင်းသုံးနိုင်တဲ့အသင်းပါ။ ရိုနယ်ဒိုရောက်သွားနိုင်တဲ့ အသင်းတွေထဲမှာလည်း ဘိုင်ယန်ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်နဲ့အပြိုင် မကမ်းလှမ်းခဲ့ပါဘူး။ ဒီလိုမကမ်းလှမ်းခဲ့ရတဲ့ အကြောင်းအရင်းက ရိုနယ်ဒိုရဲ့ လက်ရှိအသက်အရွှယ်ကြောင့်သာဖြစ်ပြီးတော့ တကယ်လို့ ရိုနယ်ဒိုသာ အသက် ၂၄နှစ်လောက်ပဲ ရှိဦးမယ်ဆိုရင်တော့ သူရဲ့ပြောင်းရွှေ့ကြေးကို မျက်စိမှိတ်ပြီး ပေးလိုက်မယ်လို့ ဘိုင်ယန်ဥက္ကဌဖြစ်သူ အူလီဟိုးနက်စ်က ရှင်းပြသွားခဲ့ပါတယ်။

Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။