အောင်ရဲလင်း နဲ့ ရုပ်ရှင်အတူ ရိုက်ကူးဖို့ရှိတယ်လို့ ပြောလာတဲ့ နေခြည်ဦး

Posted on - Dec 6 []

Moe Kalay

စာရေးသူ

လူငယ်ပရိသတ်တွေကြားမှာ နာမည်ကြီး လူကြိုက်များပြီး အောင်မြင်မှုတွေရနေတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ရုပ်ရှင်ဇာတ်ကားကြီး ၃ ကားကို ရိုက်ကူးထားပြီး သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကား ကြီးကလည်း မကြာခင်မှ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက်နေခြည်ဦး ကသူမရဲ့ ချစ်သူဟောင်း အောင်ရဲလင်းနဲ့ ရုပ်ရှင် အတူရိုက်ကူးဖို့ ရှိတယ်ဆိုတဲ့ သတင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးက သူမရဲ့ ရည်းစားဟောင်း အောင်ရဲလင်းနဲ့ ဇာတ်ကားရိုက်ဖို့ ပြောထားတယ်လို့သိရပါတယ်။ သူမကို ပြောထားတဲ့ ဇာတ်လမ်းလေးကိုတော့ ကြိုက်တယ် ဒါပေမယ့် ဇာတ် အပြောင်းအလဲရှိရင်တော့ ဇာတ်ညွန်းတစ်ချက် ပြန်ဖတ်ချင်ပါတယ်လို့ ပြောထားပါတယ်။

ရည်းစားဟောင်း အောင်ရဲလင်း နဲ့ ရုပ်ရှင်ရိုက်ဖို့ အတွက်က သူမကအေးဆေးပါပဲ ၊ အောင်ရဲလင်းကလည်း အေးဆေးပဲလို့ကြားတယ်လို့ပြောထားပါတယ်။ရုပ်ရှင်ရိုက်ကူးဖို့ စသိသိချင်းတုန်းကတော့ လန့်တယ်လို့ပြောပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအနုပညာလောက က သူ့နယ်ပယ်ဖြစ်ပြီး သူမနဲ့ ချစ်သူဖြစ်တုန်း ကသူမက မင်းသမီးမဟုတ်သေးဘူးလေလို့ပြောထားပါတယ်။

လန့်တယ်ဆိုတဲ့အကြောင်းကိုလည်း သူမက ex နဲ့ ပြန်တွေ့ရမှာမို့လို့ ဖြစ်တာရယ် ပြီးတော့ တစ်ခါမှ ပြန်မတွေ့တော့ဘူး လို့ထင်ထားတဲ့ သူနဲ့ ပြန်တွေ့ရမှာကြောင့်လို့ ပြောထားပါတယ်။တကယ်ရိုက်တဲ့ အခါကျရင် အရမ်းကြိုးစားပြမယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ပရိသတ်တွေက ex အချင်းချင်းပြန်တွေ့ကြပြီး ဘယ်လိုတွေဖြစ်လာမလဲလို့ တွေးနေကြမှာပဲ ။ ကြိုပြီးပြင်ဆင်ထားတဲ့ အပိုင်းကတော့ နှလုံးသားကို သော့ခတ်ထားတယ်လို့ လည်း ပြောထားပါတယ် ပရိသတ်ကြီးရေ ။

နိုင်ငံကျော် Beauty Blogger သရုပ်ဆောင် နေခြည်ဦး က ချစ်သူဟောင်း သရုပ်ဆောင် အောင်ရဲလင်း နဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးကို မိုမိုလေးပရိသတ်ကြီးကလည်း စောင့်မျှော် အားပေးကြပါဦးနော်။

Moekalay
Source;myanmar cele 7

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။