ပထမဦးဆုံး Vlogမှာ သူမတန်ဖိုးထားရတဲ့ ဘဝရဲ့အစိတ်အပိုင်းလေးတွေကို ပြခဲ့တဲ့ ယွန်းဝတီလွင်မိုး

Posted on - Dec 6 []

Myint Myat

စာရေးသူ

ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့သမီးကြီး ယွန်းဝတီလွင်မိုးကတော့ ဖခင်ဖြစ်သူနဲ့တူလို့ အနုပညာပိုင်းမှာရော၊ စီးပွားရေးပိုင်းမှာပါ ထူးချွန်အောင် ကြိုးစားနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ချစ်ရသူနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝတစ်ခုကို တည်ထောင်ထားတဲ့ ယွန်းဝတီလွင်မိုးက အခုဆိုရင် အသည်းယားစရာကောင်းလောက်အောင် ချစ်မွှေးပါတဲ့ သားသားလေး Liam လေးကိုလည်း ပိုင်ဆိုင်ထားပါပြီ။ လတ်တလောမှာတော့ ယွန်းဝတီလွင်မိုးက ချစ်ရတဲ့ မိသားစုနဲ့အတူ သူမရဲ့ပထမဦးဆုံးသော Vlog လေးကို Youtube မှာ ဝေမျှပေးခဲ့တာ တွေ့ရပါတယ်။

ယွန်းဝတီလွင်မိုးလေးရဲ့ ပထမဦးဆုံးသော နေ့စဉ် Vlog လေးမှာတော့ သူမရဲ့အချစ်ဆုံးသားသားလေး Liam (လွင်ထက်)လေးက မပါမဖြစ်ပါဘူးနော်။

ယွန်းဝတီလွင်မိုးရဲ့တစ်နေ့တာလှုပ်ရှားမှုတွေကို အသေးစိတ်ရိုက်ပြထားတဲ့ Vlog လေးမှာတော့ သူမရဲ့မိသားစုကို အချိန်ပေးရင်း အလုပ်တွေလုပ်နေတဲ့ သူမရဲ့အကြောင်းတွေကို သေသေချာချာ ပြသထားတာ တွေ့ရပါတယ်။

အမေလက်ပေါ်မှာ အိပ်မောကျနေတဲ့ အရမ်းလိမ္မာတဲ့ ဘေဘီလေး Liam ကတော့ တစ်ခါမှလည်း ငိုတာ မတွေ့ရဘူးနော်။

အရမ်းကိုချစ်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံရယ်၊ ဘေဘီလေး liam ရယ်၊ ယွန်းနဒီလွင်မိုးလေးရယ်

ဇနီးချောလေးကို ကော်ဖီဖျော်ပေးနေတဲ့ ချစ်တတ်လွန်းတဲ့ ခင်ပွန်း

ယွန်းဝတီလွင်​မိုးရဲ့ပထမဦးဆုံးသော Vlog

ပီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ချစ်ရသူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးလေးကတော့ သြဂုတ်လ ၆ရက်နေ့မှာ သားဦးလေး liam ကို မွေးဖွားသန့်စင်ခဲ့တာပါ ။ ခေးလေးယွန်းကတော့ လာမယ့် ၂၀၁၉ခုနှစ်ထဲမှာ ကျောင်းတက်ဖို့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျကို ပြန်မယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ယွန်းဝတီလွင်မိုးလေးရဲ့ ပထမဦးဆုံး Vlog လေးကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Yunwaddy's Youtube

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။